Pages

Tuesday, May 31, 2011

အင်တာနက် Cafezee အားလွယ်ကူစွာအချိန်ခိုးနည်း (မန်ဘာသွင်းထားခြင်းမ၇ှိသူများအတွက်)

(1) အရင်ဆုံး C:\windows\system32 ထဲက client.pra နဲ့ client2.pra ဆိုတဲ့ file နှစ် file ကို copy
ကူးလိုက်ပါ။
(2) ပြီးရင်အဲဒီ File နှစ် file ကို msaccess (Microsoft Access) နဲ့ဖွင့်လိုက်ပါ....တစ်ဖိုင်ချင်းကိုဖွင့်ပါ။
(3) Password လာတောင်းလိမ့်မယ်... vanarp117 လို့ရိုက်ထည့်လိုက်ပါ။
(4) ပွင့်သွားရင်...control ထဲကိုဝင်ပြီးတော့ Admin Password ကို ဖျက်လိုက်ပါ...သူက encrypt
လုပ်ထားတယ်...decrypt မလုပ်နဲ့ အချိန်တြွေကာတယ် တစ်ဆိုင်နဲ့တစ်ဆိုင်လဲတူတာမဟုတ်ဘူး နှစ်ဖိုင်လုံးကိုလုပ်ပေးပါ။
(5) ပြီးရင် taskmgr (Windows Task Manager) ကိုဖွင့်ပြီး Explorer.exe ကို End Process လုပ်ပေးပါ။
(6) ပြီးရင် အဲ့ဒီပြင်ထားတဲ့ ဖိုင်နှစ်ဖိုင်ကို copy ကူးပြီးတော့  သူ့ရဲ့မူရင်း folder ထဲကိုပြန်ထည့်ပေးပါ။
"အထဲမှာနာမည်တူဖိုင်ရှိနေပါတယ် အဲဒီဖိုင်ပေါ်ကို overwriteလုပ်မလား" လို့မေးလိမ့်မယ်။ ဖိုင်နှစ်ဖိုင်ဖြစ်တဲ့အတွက် yes to allလုပ်ပေးလိုက်ပါ...ပြီးရင် Cafézee ကိုပြန် run ပေးပါ။
(7) သူ့ရဲ့ Admin Option ထဲကို ၀င်လိုက်ရင် password လာတောင်းလိမ့်မယ် ကျွန်တော်တို့ password
ကိုဖျက်ထားခဲ့တဲ့အတွက် ဘာမှမရိုက်ပဲ OK လုပ်ပေးလိုက်ပါ သူ့ရဲ့ Admin ထဲဝင်သွားပါပြီး Admin Option ထဲမှာ ခင်ဗျားရဲ့ ဘယ်ဘက်ထောင့်မှာ Adjustment ဆိုတာကိုclick လုပ်ပေးလိုက်ပါ...အဲဒီထဲမှာ(သူ့ရဲ့ Label တော့မေ့သွားပြီ) Text Box2 ခုရှိတယ်...အောက်က Text Box က comment ..အပေါ်က Text Box မှာခင်ဗျားလျှော့ချင်တာကိုလျှော့ပါ (ပိုက်ဆံနဲသုံးတာဆိုရင် ပိုက်ဆံကိုလျှော့ပါ...1000 ရှိပြီဆိုရင် 1000 ထိပဲရမယ်နော်..Negative လက်မခံပါဘူး။ (Member ဆိုရင်တော့ သုံးထားတဲ့ နာရီထက်ပိုပြီးလျှော့လို့မရပါဘူး..13း0 သုံးထားတယ်ဆိုရင် မိနစ်ကိုးဆယ်ထက်ပိုပြီးလျှော့လို့မရပါဘူး)
ကိုယ်လျှော့ချင်တာလျှော့ပြီးရင်တော့ ညာဘက်ထောင့်ဆုံးမှာ close session ကို click လုပ်ပေးလိုက်ပါ
(လျှော့ပြီးတော့ continue ကို click လုပ်မယ်ဆိုရင် ဘာမှမထူးဘူးနော်)

မူရင်ဆိုဒ်

မိမိသုံးနေတဲ့ အင်တာနက် speed ကိုကြည့်မယ်

အခု သင်သုံးနေတဲ့အင်တာနက်လိုင်းပာာ ဘယ်လောက် speed ဘဲရှိတယ်.ဆိုတာကို ကြည့်နိုင်ပါတယ်.
ကွန်န၇ှင်ကောင်းမကောင်းပေါ့ဗျာ..
http://easyinfo.in/speedometer.html

မူရင်းဆိုဒ်

VZO လို video chat တွေမှာ ရုပ်ပြောင်လေးတွေ effect လေးတွေနဲ့ချက်ရအောင်

WebCamMax.7.1.2.8.Full(27 MB)












ဒီဆော့ဝဲလေးက အပေါ်က ပုံမှာပြထားတဲကအတိုင်းဘဲ VZO ချက်လို Video chat တွေမှာ ရုပ်ပြောင်လေးတွေ effect လေးတွေ ထည့်ပြီးချက်လို့ရတဲ့ဆော့ဝဲလေးပါ။ချစ်သူနဲ့ချက်ရင် ရုပ်ပြောင်လေးတွေ ဖန်တီးချင်လား။ဒါမှမဟုတ် MTV သီချင်းလေးတွေ တူတူနားထောင်ချင်လား။
flash သီချင်းလေးတွေ နားထောင်မလား။အစုံလုပ်လို့ရပါတယ်။သုံးပုံသုံးနည်းစာအုပ်လေးပါ တင်ပေးလိုက်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။

ဆော့ဝဲဒေါင်းရန်

http://www.mediafire.com/?zg4cfxx3184nwmg

http://ifile.it/7dftjro/WebCamMax.7.1.2.8.Full.El_DocToR.rar

http://www.ziddu.com/download/13529686/WebCamMax.7.1.2.8.Full.El_Do...

http://www.zshare.net/download/856618067ffececa/

http://www.mirrorcreator.com/files/NRXLLY7L/

အသုံးပြုပုံစာအုပ်ဒေါင်းရန်

http://www.mediafire.com/?wa6u6v1x196xdn5

http://ifile.it/wo5nv0y/WebCamMaxby_akyinnarnantaw.pdf

http://www.ziddu.com/download/13595565/WebCamMaxby_akyinnarnantaw.p...

http://www.zshare.net/download/858698319a883be1/

http://www.mirrorcreator.com/files/0IPBDTDE/

gmail အကောက် ခိုးသူတစ်ဦး၏ အကောက်နှင့် ခိုးနည်း

masterkhan30000@gmail.com ဒီအကောက်ပိုင်ရှင်က ခိုးတာပါ

မြန်မာချက်တင် နည်းပညာကို အဆင့်မြင့်စွာ အသုံးပြုနိုင်ရန် မြန်မာနည်းပညာရှင် လူငယ်များမှ တီထွင် ဖန်တီးပေးလိုက်ပါတယ် ဒီလင့်လေးမှာ ပြုလုပ်နိုင်ပါတယ် http://mmchatroom.my3gb.com/chatroom.html ဒီမေးလေးကိုပို့ပြီး တော့လင့်ကိုနှိပ်မိလိုက်တာနဲ့ သင့်အကောက်ပါပြီလိုတောင်ပြောနိုင်ပါတယ် ရှောင်နိုင်ရှားနိုင်ကြပါစေ

http://akarphyoe.mixxt.at/

ကွန်ပျူတာ screen ပေါ်မှာ ဓာတ်ပုံနှင့် video record လုပ်မယ်။

ကွန်ပျူတာ screen ပေါ်မှာ ရှိသမျှပုံတွေကို ဓာတ်ပုံအဖြစ် လိုအပ်သလိုရိုက်ယူဖို ဒီဆော့ဝဲကို တင်ပေးလိုက်ပါတယ်။ဓာတ်ပုံသာမကပဲ ဗွီဒီယိုဖိုင်အဖြစ်ပါ recording ရက်ကော့ဒင်းလုပ်ပေးနိုင်ပါတယ်။ လိုအပ်ရင်တော့ အောက်မှာဒေါင်းယူပါ ။ 1.66 MB ပဲရှိပါတယ်။
ဆော့ဝဲကို Rar ဖိုင်နဲ့  တင်လို့ ရတာကြောင့် ဒေါင်းပြီးရင် WinRAR နဲ့  ဖြေမှရမှာပါ။ ဆော့ဝဲဖိုင်ကို ထုတ်ယူပြီးရင် RUN ရမ်းစရာမလိုပါဘူး ။ Portable ဖိုင်ဖြစ်တာကြောင့် memory မန်မိုရီစတစ်ထဲမှာ ထည့်ယူသွားလို့ ရပါတယ်။ ဆော့ဝဲဖိုင်ကိုဖွင့်လိုက်ရင် အစိမ်းရောင်နှင့်အနီရောင်ကြက်ခြေခတ်ပုံ FSCapture ဆိုတာကို double click နှစ်ချက် ကလစ်လုပ်လိုက်ပါ ။ စက်ခရင်ပေါ်မှာ အောက်ပါပုံအတိုင်းပေါ်လာမယ်။

အထက်ပါပုံအတိုင်းကြည့်ပါ

- အဖြူရောင် မျှားနံပါတ်(၁) ကို ကလစ်လုပ်လိုက်ရင် စက်ခရင်ပေါ်မှာဖွင့်ထားတဲ့ ဝင်းဒိုးဘောက်ကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အဝါရောင် မျှားနံပါတ်(၂)ကို ကလစ်လုပ်လိုက်ရင် မိမိလိုချင်တဲ့ ဝင်ဒိုးဘောက်ကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အနီရောင် မျှားနံပါတ်(၃)ကို ကလစ်လုပ်လိုက်ရက် စက်ခရင်ပေါ်က မိမိအလိုရှိရာ နေရာက စပြီးတော့ ကြိုက်သလိုဆွဲယူပြီး ဓာတ်ပုံရိုက်ယူနိုင်ပါတယ်။ ( ဒီနည်းကို အသုံးများပါတယ် )

- အပြာရောင် မျှားနံပါတ်(၄)ကို ကလစ်လုပ်လိုက်ရင် စက်ခရင်တခုလုံးကို ဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။

- အစိမ်းရောင် မျှားနံပါတ်(၅)ကို ကလစ်လုပ်လိုက်ရင် Firefox မှာဖွင့်ထားတဲ့ ဘလော့စာမျက်နှာတခုလုံးကို

Scroll bar ဆွဲစရာမလိုပဲ အောက်ဆုံးထိဓာတ်ပုံရိုက်ပြီးသားရပါလိမ့်မယ်။


- ခရမ်းရောင် မျှားနံပါတ်(၆)ကတော့ ဗီဒီယိုဖိုင် ရီကောဒင်းဖြစ်ပါတယ်။ VZO / skype / Video chat စက်ခရင်ပေါ်မှာ ဗွီဒီယို -chat အားလုံးကို ဖမ်းယူနိုင်ပါတယ်။ မှတ်တမ်းတင်ချင်တဲ့ မောင်- များအတွက်

အကြိုက်ပေါ့ဗျာ ။ ဒီဆော့ဝဲနဲ့  မှတ်တမ်းတင်လို့ ရတယ်ဆိုတာလဲ မော်ဒယ်လေးများ သိကြပါကုန်.......။

အဲဒီမျှားနံပါတ် (၆)ကို နှိပ်လိုက်ရင် အောက်ပါပုံအတိုင်းပေါ်လာမယ်။

မိမိလိုချင်တဲ့ နေရာကိုပဲရွေးပြီး မှတ်တမ်းတင်ချင်လို့  Rectangular Area ကိုပဲ ရွေးထားပါတယ်။

အနီရောင်နဲ့  Record ဆိုတာကို နှိပ်ပြီး ကြိုက်တဲ့နေရာကိုရွေးပါ။ Start ဆိုတာလုပ်လိုက်ရင် မှတ်တမ်းတင်နေပြီပေါ့ဗျာ။ ပြီးတော့မယ်ဆိုရင်တော့ Stop ဘေးမှာ အနက်ရောင်အကွက်လေးကို နှိပ်လိုက်ရုံပဲ။ အဲတာဆိုရင် ဘေးမသီရန်မခပဲ ဗွီဒီယိုဖိုင်တခု မှတ်တမ်းတင်ပြီးသွားဘီပေါ့ဗျာ။



- အပြာနုရောင် မျှားနံပါတ်(၇)ကတော့ တခြားမဟုတ်ပါဘူး။ အပေါ်က ဓာတ်ပုံရိုက်တာတွေကို ဘယ်လိုဖိုင်နဲ့  သိမ်းထားချင်လည်း ဆိုတာရွေးခိုင်းတာပါ။ To Editor ကိုရွေးပြီး SAVE ဆေ့လုပ်လိုက်တာ အလွယ်ကူဆုံးပေါ့ဗျာ။

- ကျန်တာတွေကတော့ ဥာဏ်ရှိသလို သုံးလော့ .....................

ဒီမှာ ဒေါင်းလိုက်ပါ

ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် ဒီနေရာ ကနေဒေါင်းယူပါ

(Gmail)မှာ(block)ရုံမကဘဲကိုယ့်ဆီကိုသူ့ စာတွေပို့ လို့ တောင်မရအောင်လုပ်နိုင်ပြီနော်

>ကိုယ်က မဆက်သွယ်ချင်တော့တဲ့ လူကို ဂျီမေးလ်မှာ ဘလော့ (block) လုပ်ရုံသာမကဘဲ ကိုယ့်ဆီကို သူစာပို့လို့တောင် မရအောင် လုပ်လို့ရတယ်လို့ သိရတယ်။

>ရိုးရိုးဘလော့ဂ်လုပ်ရင် မေးလ်တွေပို့ပြီး ဆက်သွယ်နေဦးမယ်၊ ကိုယ်က လုံးဝမဆက်သွယ် ချင်တော့တဲ့ လူဆိုရင် ဘလော့ဂ်လုပ်တာထက် ဒီနည်းက ပိုကောင်းတယ်’လို့ ဧဒင်ဥယျာဉ် မြန်မာ ဆိုရှယ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

>(၁) ဂျီမေးလ်ကို ဖွင့်ထားပါ။


>(၂) မေးလ်ရဲ့ဘေးက (Contact) ကိုသွားပါ။အဲဒီမှာ ကိုယ့် ဂျီမေးလ်ထဲမှာရှိတဲ့ လူတွေအားလုံး ပေါ်လာပါမယ်။


>(၃) ကိုယ်ဖျက်ချင်တဲ့သူကို ရွေးပါ။


>(၄) ပြီးရင် (delete contact) ကိုနှိပ်ပါ။ အဲဒါဆိုရင် သည်လူက ကိုယ့်စာရင်းထဲမှာ မရှိတော့ဘူး။ ဒါပေမယ့် ဒါနဲ့တင်မရသေးဘူး။


>စာတွေဘာတွေ ပို့လို့ရသေးတယ်။ အဲသည်တော့ မေးလ် ကို (filter) လုပ်ရပါမယ်။


>အင်ဘောက်စ်ထဲမှာ ရောက်နေတဲ့ ကိုယ်လက်မခံချင်တဲ့သူရဲ့ စာကိုဖွင့်၊ ပြီးရင်စာရဲ့ ညာ ဘက်ထောင့် အပေါ်ဘက်က reply ကိုရှာ။


>ပြီးရင် ဘေးက မြားလေးကိုနှိပ်၊ ကျလာတဲ့ (box) ထဲက (filter message like this) ကိုရွေးပါ။ (Next step) ကိုရွေးပါ။


>နောက် ကိုယ်လက်မခံ ချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အလိုအလျောက် (delete) ဖြစ်သွားအောင် (delete it box) ကိုရွေးပါ။


>ပြီးရင် နောက်ဆုံးအဆင့် (create filter) ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ကိုယ်မလို ချင်တဲ့ မေးလ်တွေကိုပါ ဖျက်ပစ်ပေးမှာဖြစ်ပါတယ်။

ချစ်သူမြို့တော် မှကူးယူတင်ပြသည်။

Monday, May 30, 2011

AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါ သုံးနိုင်မည့် ဆေးသစ်တစ်မျိုး စမ်းသပ်အောင်မြင်

စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။
ရေယုန်ရောဂါ အပါအ၀င် ရောဂါအချို့ ဖြစ်ပွားစေသော Herpes ဗိုင်းရပ်စ်မျိုးနွယ်စုဝင် Cytomegalovirus ခေါ် CMV ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇ ပါဝင်သော အဆိုပါ ဆေးဝါးသည် မျောက်များ၏ ကိုယ်ထဲသို့ HIV ဗိုင်းရပ်စ် ပထမဆုံး အကြိမ် ကူးစက်ဝင်ရောက် လာပါက လျင်မြန်စွာ တိုက်ထုတ် ချေမှုန်းနိုင်ရေး ပြင်ဆင်ထားရန် ခုခံအားစနစ်အား အချက်ပေးနိုင်စွမ်း ရှိကြောင်း တွေ့ရသည်။ အဆိုပါ ကာကွယ်ဆေးကို လူသားများ၌ စမ်းသပ် အသုံးပြုနိုင်ရန် သုံးနှစ်အတွင်း အဆင်သင့်ဖြစ်မည်ဟု သူထင်ကြောင်း ဤလေ့လာမှုကို ဦးဆောင်ခဲ့သူ အိုရေဂွန်ပြည်နယ် အမျိုးသား ဥာဏ်ရည်မြင့် နို့တိုက်သတ္တ၀ါများ သုတေသနစင်တာ (Oregon National Primate Research Centre)မှ ဒေါက်တာ လူးဝစ်ပစ်ကာက ပြောကြားသည်။
CMV ဗိုင်းရပ်စ်သည် HIV ပိုးနှင့် ပတ်သက်၍ ဆက်တိုက် တစ်သမတ် နိုးကြားနေမှုကို ကိုယ်တွင်း၌ ဖြစ်ပေါ် နေစေကြောင်း၊ လူသားများတွင် ကူးစက်နိုင်သော HIV ပိုးနှင့် တစ်မျိုးစိတ်တည်း ဖြစ်သည့် မျောက်များတွင် ကူးစက်သော ခုခံအားကျဆင်းမှု ဗိုင်းရပ်စ် (Simian Immunodeficiency Virus, SIV) နှင့် စမ်းသပ်ရာတွင် အထူးကျေနပ်ဖွယ်ရာ ရလဒ်ကို ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။
ကမ္ဘာတစ်ဝန်း၌ လက်ရှိ အသုံးပြုနေဆဲ သာမန် HIV ပိုးသတ်ကုထုံးများ (Conventional Antiretroviral Therapies) သည် HIV ပိုး ပျံ့ပွားခြင်းကို ထိန်းချုပ်နိုင်ရုံသာ တတ်နိုင်ပြီး သွေးဖြူဥဆဲလ်များ အတွင်း၌ တွယ်ကပ်ပုန်းအောင်းနေသော ပိုးများကို အပြီးသတ် ရှင်းထုတ်သုတ်သင်နိုင်စွမ်း မရှိသေးပေ။
သို့သော် အဆိုပါ စမ်းသပ်ဆဲ ဆေးဝါးဖြင့် ကုသအပြီး၌ အစမ်းသပ်ခံ မျောက်များ၏ တစ်ဝက်ကျော်သည် အနည်းဆုံး ပိုးပမာဏအထိ အာရုံအခံနိုင်ဆုံး စမ်းသပ်မှုများ ဖြင့်ပင် SIV ဗိုင်းရပ်စ် ကိုယ်ထဲ၌ လုံးဝ မတွေ့ရတော့ကြောင်း သိရသည်။ ထို့အပြင် ထိုမျောက်များ၏ အများစုသည် အဆိုပါ ခုခံအားကျ ရောဂါပိုးကို တစ်နှစ်ကျော် အထိ ခံနိုင်ရည် ရှိပြီး တဖြည်းဖြည်းနှင့် ၄င်းတို့သည် ဗိုင်းရပ်စ်ကုစက်ခံရမှု ခံရဖူးသော လက္ခဏာများပင် ပျောက်ကွယ်သွားသည်ကို တွေ့ရသလို လုံးဝ ကာကွယ်ဆေး ထိုးမထားသော မျောက်များသည် ကိုယ်ခံအားစနစ် ပျက်ယွင်းကာ AIDS ရောဂါ ဆက်လက် ခံစားရကြောင်း တွေ့ရသဖြင့် ဆေး၏ အာနိသင်ကို လက်တွေ့ အတည်ပြုနိုင်ပြီ ဖြစ်ကြောင်း၊ ဤအစွမ်းသည် လူသားခန္ဓာအတွင်းမှ HIV ပိုးကို ဖယ်ရှားပစ်နိုင်ရန် လုံလောက်သော အတိုင်းအတာ ဖြစ်သောကြောင့် ကာကွယ်ဆေး အဖြစ်သာ မက ကုသဆေးအဖြစ်ပါ သုံးနိုင်မည်ဟု သုတေသန စာတမ်း၌ ဖော်ပြပါရှိသည်။
“ဒီဆေးရဲ့ တိုးတက်မှု နောက်ခြေတစ်လှမ်း ကတော့ လူသားတွေမှာ ဆေးသုတေသန စမ်းသပ်ချက် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူမှာ စမ်းမယ် ဆိုရင် CMV ဗိုင်းရပ်စ်ဟာ ရောဂါပေးနိုင်လောက်တဲ့ အထိ အစွမ်းမရှိတာမျိုးပဲ သုံးမှာပါ။ ဒါပေမဲ့ ဆေးရဲ့ HIV ပိုးကို ကာကွယ်တိုက်ခိုက်နိုင်စွမ်း ကတော့ ကျသွားမှာ မဟုတ်ပါဘူး။ ရောဂါပေးနိုင်စွမ်း အရမ်းနိမ့်တဲ့ CMV ပိုးရဲ့ မျိုးရိုးဗီဇ ဒီဇိုင်းကို ပထမဆုံး လုပ်ငန်းစဉ် အနေနဲ့ ကျွန်တော်တို့ ဖန်တီးနေကြပါပြီ” ဟု ဒေါက်တာပစ်ကာက ရှင်းပြသည်။
ထို့အတူ ယခု သုတေသနကို ရံပုံငွေ ထောက်ပံ့ပေးခဲ့သူ နိုင်ငံတကာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ဆေး ဦးဆောင်ရှာဖွေရေး အဖွဲ့ (IAVI) ၏ သိပ္ပံအရာရှိချုပ် ဒေါက်တာဝိန်းကောဖ့် ကလည်း “တိရိစ္ဆာန်တွေမှာ ရှိတဲ့ HIV ပိုးကို တိုက်နိုင်တဲ့ ဒီဆေးသာ လူသားတွေကိုယ်မှာ တူညီတဲ့ အာနိသင် ပထမဆုံး အဖြစ် ပြနိုင်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်ဟာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ လူသားရဲ့ ကိုယ်ခံအားစနစ်ဟာ HIV ပိုးကို ပြီးသွားတဲ့ အနေအထားမျိုး ရောက်လာဖို့ ဖြစ်နိုင်ချေတွေ အများကြီး တွေ့နေရပါပြီ။ ဒီစမ်းသပ်ချက်တွေကနေ AIDS ရောဂါ ကာကွယ်ကုသဆေးကို ဘယ်လို ဖော်စပ်ရမလဲ ဆိုတဲ့ အချက်တွေ သိရတော့မှာ ဖြစ်ပါတယ်” ဟု Daily Mail သတင်းဌာနသို့ ပြောပြခဲ့သည်။
လက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၉၀၀ ခန့်တွင် ၃၃.၃ သန်းသည် HIV ပိုးကူးစက်ခြင်းကြောင့် ဖြစ်ရသော AIDS ခေါ် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ခံစားနေရကြောင်း နှင့် ကမ္ဘာတစ်ဝန်း လူပေါင်း ၂၅ သန်း သေဆုံးစေခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စာရင်းဇယားများ အရ သိရသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ အများဆုံး ကူးစက်ပြီး အပ်ဝေမျှ သုံးသော မူးယစ်ဆေးစွဲသူများ၊ ရောဂါရှိသူ မိခင်၏ ရင်သွေးများ၊ သွေးနှင့် ခန္ဓာကိုယ် အရည်များမှ တစ်ဆင့် ကူးစက်နိုင်စွမ်းများ စသဖြင့် ရှိနေပြီး ကာကွယ်ရန် နည်းလမ်းများ ထိရောက်မှု နည်းနေသောကြောင့် ရောဂါပိုး ရှိသူအရေအတွက် တိုးလာနေသော ယနေ့ကမ္ဘာကြီးတွင် ကာကွယ်ဆေးသည်သာ အကောင်းဆုံး မျှော်လင့်ချက် ဖြစ်သည်ဟု ပညာရှင်များက ဝေဖန်သုံးသပ်ကြသည်။
ကမ္ဘာ့ဆေးကုမ္ပဏီကြီးများနှင့် ဆေးသိပ္ပံပညာရှင်များသည် ဤသုတေသန ရလဒ်မှ HIV ကာကွယ်ဆေး ပေါ်ထွန်းလာရေး အတွက် ပူးပေါင်း ကြိုးစားကြမည်ဟု အင်တာနက် သတင်းများ အရ ကြားသိရသည်။
Translated by : ဒေါက်တာသီဟသစ် Last Updated at 2011-05-15 on 11:16:28 693 Hits