Pages

Saturday, October 26, 2013

ငွေရှာသည့် Website များတွင်Accountလုပ်မရသူများအတွက် ကျော်ခွနည်းလမ်း တစ်ခု

ငွေရှာသည့် Website များတွင် Register လုပ်သည့်အခါ အောက်ပါပုံအတိုင်း Error ကြုံတွေ့လာရပါလျှင်ဖြေရှင်းဖို့နည်းလမ်းများစွာရှိတဲ့အထဲမှ အဆင်ပြေတဲ့နည်းလမ်းလေး
တစ်ခုတင်ဆက်ပေးပါ့မယ်။ အခုကျနော်ဖော်ပြတဲ့နည်းက Firefox အတွက် သာဖြစ်ပါတယ်။

အရင်ဆုံး ဒီကို သွားလိုက်ပါ...သွားလိုက်တာနဲ့ အောက်ပုံမယ်ပြထားတဲ့အတိုင်း နိုင်ငံပေါင်းစုံရဲ့ IP Address နဲ့ Port တွေကိုမြင်ရပါလိမ့်မယ်။ Proxy တွေကို စက္ကန့်တိုင်းမိနစ်
တိုင်းအသစ် အသစ်ထုတ်ပေးနေတာပါ....
အိုကေ...အဲဒီနိုင်ငံတွေရဲ့ Proxy တစ်ခုချင်းစီနဲ့ကျော်ခွမှာဖြစ်ပါတယ်.... Firefox ကိုဖွင့်လိုက်ပါ.. ပြီးတာနဲ့  Tool >> Options ကိုဝင်လိုက်ပါ... ပြီးတာနဲ့ Advanced >> Network  >> Settings ကိုရွေးပါ.. အောက်ပုံမှာရွေးထားတာကိုကြည့်လိုက်ပါ။
အိုကေ..ရွေးပြီးပြီဆိုတာနဲ့ အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်.. .အဲဒီမှာ မိမိရဲ့ Internet Connection က No Proxy နဲ့နဂိုမူလက အသုံးပြုတယ်ဆိုရင် အခု အိုင်ပီကျော်
ဖို့အတွက် Manual Proxy Configuration: ကိုရွေးချယ်မှာဖြစ်ပါတယ်..ပြီးတာနဲ့ Proxy ထည့်တဲ့အဆင့်စပါတော့မယ်..ကျနော်ကတော့ Proxy List ထဲက လိုင်းအင်အား Speed ကောင်းတဲ့ Turkey ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်လိုက်ပါတယ်....Turkey ဆိုတဲ့နိုင်ငံရဲ့ IP Address က 88.255.147.83 ဖြစ်ပြီး Port ကတော့ 8080 ဖြစ်ပါ
တယ်... ကဲ..ဘယ်လိုထည့်မလဲအောက်ကပုံမှာ ကြည့်ပါ။
ပုံမှာမြင်တဲ့အိုင်း HTTP Proxy: နဲ့ Port: မှာထည့်ပြီး Use this proxy server for all protocols ဆိုတာကိုအမှန်ခြစ် ပြီး OK >> OK အဆင့်ဆင့်ထွက်လိုက်ပါ။ ပြီးတာနဲ့ www.google.com ကိုခေါ်ကြည့်လိုက်ပါ... google က အခက်အခဲမရှိတက်လာတယ်ဆိုရင် ဒီ Proxy အလုပ်လုပ်ပါတယ်... တစ်ကယ်လို့ www.google.com ကို လေးငါးကြိမ်ခေါ်နေသော်လည်း The connection was reset , server not found အဲလိုတွေပေါ်နေရင်တော့..ဒီ Proxy အလုပ်မလုပ်ပါဘူး..အခြားနိုင်ငံတွေရဲ့ Proxy ကိုပြထားတဲ့နည်းတွေအတိုင်းထည့်ကြည့်ပြီး google.com ခေါ်ကြည့်ပါ... တစ်ကယ်လို့ google.com တက်လာတယ်ဆိုရင်တော့... ငွေရှာတဲ့ဝဘ်ဆိုဒ်ရဲ့အကောင့်ကိုဖွင့်ပြီး အေးအေးဆေးဆေး Register လုပ်ကာ ကျော်ခွနိုင်ပြီဖြစ်ပါတယ်..... တစ်ခါတစ်ရံပေါ့နော်.. Proxy ကျော်ထား
သော်လည်း Sorry IP Address is already use by other member ပေါ်သေးတယ်ဆိုရင် နောက်နိုင်ငံရဲ့ Proxy ကိုချိန်းပြီးထပ်ဖွင့်ကြည့်ပါ..ကျော်ခွသွားပါလိမ့်မယ်....
အကောင့်ကိုအလုံးစုံဖွင့်ပြီးဘီ..Activate တွေလုပ်ပြီးဘီဆိုရင်တော့.. မူလ No Proxy ကိုပြန်ထားလိုက်ပါ...ပြီးပြီဆိုမှ ပုံမှန်အတိုင်းငွေရှာတဲ့ဝဘ်ဆိုဒ်မှာ Log In ၀င်ပါ..ကျနော်လည်း အခြားငွေရှာတဲ့ဆိုဒ်တွေမှာ ဒီအတိုင်းဘဲကျော်ဖွင့်ထားတာ Outbux , The-Bux ကျော်ဖွင့်ထားပါတယ်..အခုငွေထုတ်တယ်..အဆင်ပြေတယ် လုံးဝ ဘန်းခြင်းမရှိပါ.. တစ်ချို့က ဘားမှစမ်းသပ်မထုတ်ရသေးဘဲနဲ့ ဘန်းတယ်ချည်းပြောနေကြတယ်..တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်ဗျာ.
ကျနော်တို့လို တစ်ကယ်ထုတ်ကြည့်နေတဲ့လူတွေတောင် သူတို့ကို ဆရာပြန်တင်ရမလိုတောင်ဖြစ်နေတယ်ဗျာ..အဟတ်... :) ကဲ......အားလုံးဘဲအဆင်ပြေကြပါစေ။

Ref

Nerdbux ကနေ ငွေထုတ်ရအောင်

ဒီနေ့ ကျွန်တော် Nerdbux ကနေ စမ်းပြီးတော့ ငွေထုတ်ကြည့်ဖြစ်ပါတယ်။ တကယ်လို့ ငွေထည့်ပြီးတော့ ကလစ်မယ်ဆိုရင် အဆင်ပြေအောင်၊ အခြားကလစ်နေတဲ့သူတွေရှိရင်လဲ ငွေတကယ်ထုတ်ပေးတယ်ဆိုရင် အလုပ်လုပ်ရတာပိုပြီးတော့ အားတက်အောင်ဆိုပြီး စမ်းထုတ်ကြည့်လိုက်တာပါ။ ငွေကတော့ ကျွန်တော့် PayPal အကောင့်ထဲကို ချက်ချင်းရောက်ပါတယ်။ စောင့်နေစရာတောင် မလိုပါဘူး။

တကယ်လို့ Nerdbux မှာ အကောင့်မရှိသေးတဲ့သူတွေ အကောင့်လုပ်ချင်တယ်ဆိုရင်တော့ ဒီမှာ ကလစ်ပြီးတော့ Register လုပ်နိုင်ပါတယ်။ ဒီလင့်မှာ Register ဘယ်လိုလုပ်ရတယ်ဆိုတာကို ရေးထားပါတယ်။

အောက်မှာ ငွေဘယ်လို ထုတ်ထားတယ်ဆိုတာကို ပုံအဖြစ်နဲ့ တင်ပေးထားပါတယ်။


Nerdbux က လေးဒေါ်လာပြည့်ပြီဆိုရင် ငွေစပြီးထုတ်လို့ ရပါပြီ။ ငွေထုတ်ဖို့အတွက် Cash Out ကို နှိပ်လိုက်ပါ။

ပြီးရင် ကိုယ်ငွေထုတ်ချင်တဲ့ ပမာဏကို ထည့်ပေးပါ။ ကျွန်တော်ကတော့ ရှိတဲ့ငွေအားလုံးကို ထုတ်လိုက်ပါတယ်။ Next ကို နှိပ်လိုက်ပါ။

ပြီးရင် ငွေထုတ်မယ့် Payment Method ကို ရွေးပေးပါ။ ကျွန်တော်ကတော့ PayPal ကနေ ထုတ်တာဖြစ်တဲ့အတွက် PayPal ကို ရွေးပေးလိုက်ပါတယ်။

ပြီးရင် ကိုယ့်ရဲ့ PayPal အီးမေးလိပ်နဲ့ ငွေထုတ်မယ့် ပမာဏတို့ကို ပြန်စစ်ခိုင်းပါလိမ့်မယ်။ ငွေထုတ်ရင် ၂ ရာခိုင်နှုန်း ၀န်ဆောင်ခ ဖြတ်ပါလိမ့်မယ်။ ပြီးရင် Send ကို နှိပ်ပေးလိုက်ပါ။
 

Send ကို နှိပ်လိုက်တယ်ဆိုရင် ငွေထုတ်တာ ပြီးသွားပြီဆိုတဲ့ Message တက်လာပါလိမ့်မယ်။

ကိုယ့်ရဲ့ Nerdbux အကောင့်ကိုလည်း ၀င်ကြည့်လိုက်ပါ။ ကျွန်တော်တို့ထုတ်လိုက်တဲ့ ငွေပမာဏ လျော့သွားတာကို တွေ့ရပါလိမ့်မယ်။


ငွေထုတ်လိုက်တာနဲ့ ချက်ချင်းပဲ ကျွန်တော့်ဆီကို PayPal ကနေ ချက်ချင်းပဲ အီးမေးရောက်လာပါတယ်။ Nerdbux ကနေ ကျွန်တော့်ရဲ့ PayPal အကောင့်ထဲကို ငွေပို့လိုက်တယ်ဆိုတဲ့ အကြောင်းပါ။

ဒါကတော့ PayPal ကနေ ၀င်ကြည့်ထားတဲ့ Nerdbux ကနေ ငွေပို့ထားတဲ့ အကြောင်းကို Screen Shot လုပ်ထားတာပါ။ Nerdbux ကနေ ငွေတကယ်ပို့တယ်ဆိုတဲ့ သက်သေခံချက်ပေါ့။
PTC သမားတော်တော်များများက ဆိုဒ်တွေကနေ ကြော်ငြာတစ်ခုကို ငွေဘယ်လောက်ပေးတယ်၊ တစ်ရက်ကို ငွေဘယ်လောက်ရတယ်ဆိုတာကို စိတ်မ၀င်စားဘဲ ဒီလို ငွေတကယ်ပေးလို့ ငွေထုတ်ထားတဲ့ Screen Shot တွေပဲ လိုက်ရှာပြီးတော့မှ တကယ်ငွေထုတ်ပေးတယ်ဆိုတာသေချာမှ ကလစ်ကြတာပါ။
ဘာပဲဖြစ်ဖြစ် Nerdbux ကိုတော့ ကလစ်ပြီး ကြော်ငြာကြည့်ရမယ့်ဆိုဒ်စာရင်းထဲမှာ ထည့်ရတော့ပါမယ်။

Neobux Referrals Handy Manager by yahiatnt

ဒီ Post ကတော့ Neobux မှာ Referral ကို Manage လုပ်ဖို့အတွက် အသုံးပြုဖို့ ဆော့ဝဲလေး တစ်ခုကို မိတ်ဆက်ပေးချင်တာပါ။ ဒီဆော့ဝဲကို ရေးသားတဲ့ yahiatnt ကလည်း Neobux မှာ Member တစ်ယောက် ဖြစ်ပါတယ်။ သူရေးထားတဲ့ ပို့စ်တွေကိုလည်း Neobux ဖိုရမ်မှာ ၀င်ပြီးတော့ ဖတ်လို့ ရပါတယ်။ ဒီဆော့ဝဲလေးကတော့ Free ပေးထားတဲ့ ဗားရှင်းပါ။ တကယ်လို့ အသုံးပြုလို့ အဆင်ပြေတယ် ဆိုရင်တော့ Full version ကို ၀ယ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။

ဆော့ဝဲကို အောက်ကလင့်တွေမှာ download လုပ်နိုင်ပါတယ်။ ဆော့ဝဲကို အသုံးပြုမယ်ဆိုရင် Microsoft .Net framework version 2.0 ကို အရင် တင်ထားဖို့ လိုပါတယ်။
ကျွန်တော်တို့တွေ Refer တွေကို ငှားတဲ့အခါမှာ ဘယ် Refer တွေကို recycle လုပ်ဖို့လိုနေပြီလဲ၊ သူ့ကို ဆက်ငှားမယ်ဆိုရင် အမြတ်ထပ်ရနိုင်ဦးမလား၊ သူ့ရဲ့ AVG က ကိုယ်အမြတ်ထက် နည်းနေပြီလား စတာတွေကို သေချာသိဖို့လိုပါတယ်။ အဲဒါမှ အမြတ်ကို များများရနိုင်မှာပါ။
ဒီမှာဆိုရင် Referral တစ်လိုင်းရဲ့ Click graph၊ AVG တန်ဖိုး၊ နဲ့ အမြတ်တွေကို ရက်ပေါင်း ၂၄၀ စာအထိ ပြပေးမှာပါ။ Neobux မှာ Golden member ဆိုရင်တောင် ၁၀ ရက်စာ ကလစ်ဂရပ်ကိုပဲ ပြပေးပါတယ်။ ကိုယ့် Referral ရဲ့ ကလစ်ဂရပ်ကို ကြည့်ပြီးတော့ သူ့ရဲ့ အလုပ်လုပ်နှုန်းကို ဆုံးဖြတ်ပြီး recycle လုပ်သင့်တယ် မလုပ်သင့်ဘူးဆိုတာကို သိနိုင်ပါတယ်။



ကိုယ်ရဲ့ Referral တွေကိုလည်း PROFIT, AVERAGE, CLICKS or ANYTHING တန်ဖိုးတွေအလိုက် စီပြခိုင်းလို့ ရပါတယ်။ ကိုယ်ရဲ့ BEP တန်ဖိုးကိုလည်း ပြထားပေးတဲ့အတွက် နှိုင်းယှဉ်ကြည့်ပြီး ဆုံးဖြတ်ချက်ချလို့ ရပါတယ်။


ပြီးရင် ကိုယ့် Referral တွေကိုလည်း Filter မှာ setting အမျိုးမျိုးပြောင်းပြီးတော့ စစ်ထုတ်ကြည့်လို့ ရပါသေးတယ်။ ဥပမာအနေနဲ့ဆိုရင် ဘယ်နှရက် မကလစ်တဲ့ Refer၊ AVG ဘယ်လောက်ထက် နည်းနေတဲ့ refer စသည်ဖြင့် အမျိုးမျိုး စစ်ပြီးတော့ ပြခိုင်းလို့ ရပါတယ်။









ပြီးရင် သူ့မှာပါတဲ့ recycle wizard ကို အသုံးပြုပြီး Recycle လုပ်မယ်ဆိုရင် ကိုယ့်အတွက် Refer တွေကို လိုက်ပြီးတော့ ရှာရတာ ပိုပြီးသက်သာပါတယ်။



အဲလိုတွေ အကူအညီပေးနိုင်ဖို့အတွက်ဆိုရင် Referral တွေရဲ့အချက်အလက်တွေကိုတော့ နေ့စဉ် အချိန်မှန် ဆော့ဝဲထဲကို ထည့်ပေးနေလို့ လိုပါတယ်။ ဒေတာတွေ ထည့်ရတာလဲ အရမ်းကို လွယ်ပါတယ်။ Neobux မှာ ပါတဲ့ Export tool ကို အသုံးပြုသွားပြီး ဒေတာတွေကို ကော်ပီလုပ်ပြီးတော့ Notepad ထဲကို save ပြီးတော့ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လဲ ဆော့ဝဲကို ဖွင့်ပြီးတော့ paste လုပ်ရင်ပဲ ဖြစ်ဖြစ် ဒေတာတွေကို အလွယ်တကူပဲ ထည့်သွင်းပေးနိုင်ပါတယ်။


ဒီဆော့ဝဲကို ကျွန်တော်လဲ စမ်းပြီးသုံးကြည့်နေတုန်းပဲ ရှိပါသေးတယ်။ အသေးစိတ်မေးခွန်းတွေကိုတော့ ပြန်ပြီးတော့ ဖြေနိုင်သေးမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ပဲ စမ်းပြီးတော့ အသုံးပြုဖို့ အကြံပေးပါတယ်။ တဖြည်းဖြည်းနဲ့တော့ နားလည်သွားမှာပါ။

မူရင်းလင့်

Direct Referral ရအောင် ဘယ်လိုလုပ်ရမလဲ (၂)

အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကတော့ ငွေမကုန်ဘဲ DR ရနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အောက်မှာ ပြောတဲ့နည်းလမ်းတွေကတော့ ငွေအကုန်အကျ နည်းနည်းရှိပါတယ်။ DR ရတာရှိနိုင်သလို မရတာလဲ ရှိနိုင်ပါတယ်။

၁။ PTC ဆိုဒ်တွေကို ၀င်လိုက်တဲ့အခါမျိုးမှာ ၀င်းဒိုးအသေးလေးနဲ့ Banner တွေတက်တက်လာတာကို တွေ့ဖူးမှာပါ။ အဲဒါက ကိုယ်ရဲ့ Banner လင့်ကို ကြော်ငြာတာပါ။ ဆိုဒ်ကိုလာတဲ့သူတွေက နှိပ်မိပြီး register လုပ်မှ ကိုယ့်ဆီကို DR အနေနဲ့ရမှာပါ။ DR ရဖို့အခွင့်အရေးတော်တော် နည်းပါတယ်။ အဲဒီဆိုဒ်က Banner ကိုပဲ အဲဒီဆိုဒ်မှာပဲ ပြန်ပြီးတော့ မကြော်ငြာမိပါစေနဲ့။ ဒီဆိုဒ်ကို ၀င်တဲ့သူက ဒီဆိုဒ်မှာ အကောင့်လုပ်ထားပြီးသားဖြစ်လို့ပါ။ အခြားဆိုဒ်ရဲ့ Banner ကိုပဲ ကြော်ငြာချင်ကြော်ငြာနိုင်ပါတယ်။



၂။ PTC ဆိုဒ်တွေမှာ PTSU (Paid To Sing Up) အကောင့်လုပ်တယ်ဆိုရင် ငွေပေးတာတွေ ရှိပါတယ်။ သူရဲ့သဘောကို နည်းနည်းပြောပြချင်ပါတယ်။ ကိုယ်ကအဲဒီမှာ PTSU ထည့်ချင်တယ်ဆိုရင် ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်ဖောက်တယ်ဆိုရင် ငွေဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ဒါပေမယ့် ငွေကိုတော့ ချက်ချင်းပေးစရာမလိုပါဘူး။ ကိုယ်က စည်းမျဉ်းတစ်ခု သတ်မှတ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ကိုယ်ပေးတဲ့လင့်မှာ အကောင့်လုပ်ပြီးရင် တစ်ပတ်တိတိကြော်ငြာကြည့်ပြီးမှ ငွေဘယ်လောက်ပေးမယ်ဆိုပြီး စည်းကမ်းတစ်ခုပါ ထည့်ပေးရပါတယ်။ အခြားသူတစ်ယောက်က ကိုယ့်လင့်ရဲ့အောင်မှာ Register လုပ်တယ်ဆိုရင် ကိုယ့်ဆီကို သူ့အကောင့်နာမည်နဲ့ အီးမေးလိပ်စာကို ထည့်ပေးသွားပါလိမ့်မယ်။ ကိုယ်က အဲဒီအကောင့်က ကြော်ငြာတွေကို ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းကြည့်လားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းလုပ်ခဲ့တယ်ဆိုရင် ငွေပေးရပါမယ်။ တကယ်လို့ ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းမလုပ်ဘဲ အကောင့်သာလုပ်သွားပြီး ကြော်ငြာတွေကို မကြည့်ဘူးဆိုရင် ငွေကို မပေးဘဲ ငြင်းပိုင်ခွင့်ရှိပါတယ်။ သူကလည်း ကိုယ်သတ်မှတ်ထားတဲ့ စည်းကမ်းပြည့်သွားလို့ ငွေရပြီးသွားရင် ဆက်ပြီးတော့ ကြော်ငြာကြည့်ချင်မှ ကြည့်ပါလိမ့်မယ်။ အဲဒါကတော့ သူ့ရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့် သူ့ကို ပေးရမယ့်ငွေနဲ့ သူ့ဆီကနေ ပြန်ရမယ့်ငွေကို ချိန်ပြီး စည်းကမ်းတစ်ခု သတ်မှတ်ပြီး ကိုယ်တိုင် PTSU မှာ ကိုယ့်လင့်ကို ကြော်ငြာနိုင်ပါတယ်။

၃။ ကိုယ်ရဲ့ Referral လင့်ကိုလည်း PTC ဆိုဒ်တွေမှာ ကြော်ငြာအဖြစ်ထည့်နိုင်ပါတယ်။ ကြော်ငြာဖို့အတွက် ကြော်ငြာတစ်ခုကို အရင်လုပ်ရပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ကြော်ငြာနာမည်၊ အဲဒီကြော်ငြာအကြောင်းကို အကျဉ်းချုပ်ရယ်၊ ပြီးရင် ကိုယ်ရဲ့ referral လင့်ရယ်ကို ထည့်ပေးရပါတယ်။ ကြော်ငြာတစ်ခု လုပ်လိုက်ပြီးဆိုရင် အဲဒီ ကြော်ငြာကို PTC ဆိုဒ်က အရင်စစ်ဆေးပါတယ်။ သူတို့အတည်ပြုပြီးလို့ ကြော်ငြာခွင့်ရတယ်ဆိုရင် ကလစ်အရေအတွက်ကို ၀ယ်ရပါမယ်။ ကြော်ငြာအမျိုးအစား၊ ကြော်ငြာကြည့်ဖို့အတွက် ကြာချိန်ရယ်၊ ကြော်ငြာကြည့်တဲ့သူနေတဲ့ နိုင်ငံရယ်ကို ကန့်သတ်လို့ ရ၊မရ ပြီးတော့ ကိုယ်ဝယ်ချင်တဲ့ ကလစ်အရေအတွက် ပေါ်မူတည်ပြီး ဈေးနှုန်းက ကွာသွားပါတယ်။ ပြီးရင် အဲဒီကြော်ငြာကို ကိုယ်ကကြော်ငြာလိုက်ပေါ့။ တကယ်လို့ ကိုယ်ကြော်ငြာကို ကလစ်မိပြီး အခြားသူက အကောင့်လာလုပ်မယ်ဆိုရင် ကိုယ့်ဆီကို DR အနေနဲ့ ရောက်လာပါလိမ့်မယ်။ ကိုယ်ရဲ့ Referral လင့်မှ မဟုတ်ပါဘူး။ ကိုယ်ကြော်ငြာချင်တာကို ကြော်ငြာလို့ ရပါတယ်။ ကိုယ့်ဘလော့ကို ကြော်ငြာချင်တယ်ဆိုလဲ ရပါတယ်။

Ref

Direct Referral ရအောင် ဘယ်လိုလုပ်ရမလဲ (၁)

Direct Referral ဆိုတာကတော့ ကိုယ်ရဲ့ Referral လင့်ကနေ အကောင့်ကို Register လုပ်သွားတဲ့အခါမှာ ကိုယ့်ဆီကို ရောက်လာတဲ့ member တွေကို ပြောတာပါ။ သူတို့ကိုကျ ငွေပေးပြီး ၀ယ်စရာမလိုတဲ့အတွက် ကိုယ့်အတွက် အကုန်အကျ တော်တော်သက်သာပါတယ်။ ကိုယ့်ဆီမှာ DR တွေရှိတယ်ဆိုရင် DR တွေဆီကနေ ကိုယ်က ကလစ်အရေအတွက်တချို့ကို credit အနေနဲ့ ရပါတယ်။



ဒါပေမယ့် DR တွေ ကြည့်သမျှ ကလစ်အရေအတွက် အားလုံးကို credit ပေးတာမဟုတ်ဘဲ ကလစ်လေးခုကိုပဲ ပေးတာပါ။ ပြီးတော့ ဘယ်ကြော်ငြာ (များသောအားဖြင့်တော့ ငွေပိုပေးထားတဲ့ 0.01$ နဲ့အထက် ကြော်ငြာ) တွေကိုကြည့်မှ credit ပေးတာပါ။ တချို့တွေက DR တွေကလစ်သမျှ ကလစ်အရေအတွက်အားလုံးကို ရတယ်လို့ ထင်နေကြပါတယ်။ အများဆုံးမှ (DR ရဲ့ membership ပေါ်မူတည်ပြီး) ကလစ်လေးခုကနေ ရှစ်ခုအထိပဲ ရနိုင်တာပါ။

ဒါပေမယ့် အဲလို ကလစ်လေးချက်ပဲ ရပေမယ့် သူတို့အတွက် ငွေအကုန်အကျမရှိတဲ့အတွက် ကိုယ့်အတွက် အပိုဝင်ငွေအနည်းငယ်တော့ ရနိုင်ပါတယ်။ သူတို့ကို သက်တမ်းတိုးပေးစရာလဲ မလိုပါဘူး။ သူတို့အကောင့်ကို မပိတ်မချင်း(တခါတလေမှာ သူတို့ ဘမ်းခံရတာကလွဲရင်) ကိုယ့်အကောင့်ထဲမှာ DR အဖြစ်နဲ့ အမြဲတမ်းရှိနေမှာပါ။

ဒါပေမယ့် DR ရဖို့အတွက်ကတော့ ခက်ပါတယ်။ လူတိုင်းက ကိုယ့်အကောင့်အောက်မှာ Register လုပ်ချင်ကြတာ မဟုတ်ပါဘူး။ ပြီးတော့ ဆိုဒ်တခုမှာ သူက Register လုပ်ပြီးသွားလို့ ကလစ်နေပြီးသားသူဆိုရင် သူကလည်း အကောင့်အသစ် ထပ်ပြီးတော့လုပ်ချင်တော့မှာ မဟုတ်တဲ့အတွက် ကိုယ့်ဆီကို DR အဖြစ်နဲ့ မရနိုင်တော့ပါဘူး။

DR တွေ ရနိုင်တဲ့နည်းလမ်း တချို့ကို ရေးပေးပါမယ်။ PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေကနေ တွေ့တာတွေကို ပြန်ရေးပေးထားတာပဲ ရှိတာပါ။ တကယ်လို့ ဖတ်ဘူးပြီးသားဖြစ်ရင်တော့ မဖတ်ဘဲ ကျော်သွားနိုင်ပါတယ်။

၁။ ကိုယ်ရဲ့ referral လင့်ကို ဖိုရမ်တွေမှာ ကြော်ငြာပါ။ ဒါပေမယ့် တအားကို မျက်စိနောက်အောင်တော့ မကြော်ငြာမိပါစေနဲ့။ ကိုယ်ကလည်း အခြားသူတို့အတွက် အကျိုးရှိမယ့် ပို့စ်တွေကို ရေးပြီးတင်ရင်းနဲ့ ကိုယ့်ရဲ့လင့်ကိုပါ တခါတည်းတင်ပေးပါ။

ဒါပေမယ့် PTC ဆိုဒ်တွေရဲ့ ဖိုရမ်တွေမှာတော့ အဲလို referral လင့်တွေအပါအ၀င် အခြားဘယ်လင့်ကိုမှ တင်ခွင့်မရှိပါဘူး။ Referral လင့်ကတော့ http://www.neobux.com/?r=Username ပုံစံမျိုးပါ။ တွေ့ဖူးကြမယ်လို့ ထင်ပါတယ်။

၂။ ကိုယ်ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ၊ မိသားစုဝင်တွေကိုလည်း PTC ဆိုဒ်တွေအကြောင်းကို သေချာပြောပြပြီး စိတ်ဝင်စားလာအောင် ဆွဲဆောင်ပါ။ ဒါပေမယ့် အိုင်ပီတူနေလို့ ကိုယ်ပါ ကြော်ငြာမရတာမျိုးတော့ သတိထားရပါမယ်။

၃။ အခြားသူတွေမြင်ရင် စိတ်ဝင်စားနိုင်မယ့် ကြော်ငြာတွေ ရေးပြီး PTC ဆိုဒ်တွေဆိုတာ ဘာလဲဆိုတာကို ရှင်းပြပြီး ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပြီး ဂျာနယ်တွေမှာ ကြော်ငြာနိုင်ပါတယ်။ ဒါမှမဟုတ် လူသုံးများတဲ့ Social network တွေ (Facebook လို) နေရာမျိုးတွေမှာ ကြော်ငြာနိုင်ပါတယ်။

၎။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ဘလော့တွေရေးပြီး ကြော်ငြာပါ။ ကိုယ်ရဲ့ ဘလော့ကိုလည်း လာဖတ်တဲ့သူများအောင် လုပ်ပါ။ ကိုယ်ရဲ့ ဘလော့ကို လာဖတ်တဲ့သူတွေ အကောင့်လုပ်ပြီး ကလစ်ချင်အောင် ကိုယ်ကလည်း ရေးနိုင်ဖို့ လိုပါလိမ့်မယ်။

၅။ PTC အကြောင်းတွေကို ရှင်းပြထားတဲ့ ဗွီဒီယိုဖိုင်တွေ လုပ်ပြီး Youtube လိုနေရာမျိုးမှာတင်ပါ။ ပြီးတော့ ကိုယ်ရဲ့ referral လင့်ကိုလည်း အောက်မှာတခါတည်းထည့်ပေးပါ။

၆။ Chatting တွေကနေ သိတဲ့သူတွေကိုလည်း သူတို့ကို သေချာပြောပြီး ဆွဲဆောင်နိုင်ပါတယ်။ သူတို့ဆီကို ကိုယ်ရဲ့ referral လင့်ကို ပို့ပြီး PTC ဆိုဒ်တွေအကြောင်း ပြောပြပါ။

၇။ ကိုယ်တိုင်လည်း PTC ဆိုဒ်တွေအကြောင်း ရှင်းပြတဲ့ ကျူတိုရီရယ်တွေ ရေးပါ။ ပြီးရင် ကိုယ်ရဲ့လင့်ကို တခါတည်းထည့်ပါ။ ပြီးတော့ PDF အဖြစ်ပြုလုပ်ပြီး သူငယ်ချင်းတွေဆီ ပို့ပါ၊ ဒါမှမဟုတ် လူသိများစေမယ့် နေရာတွေမှာ ဒေါင်းလုပ်အလွယ်တကူ လုပ်လို့ရအောင် တင်ပေးပါ။

၈။ အွန်လိုင်းဂိမ်းတွေ ဆော့တယ်ဆိုရင် ဂိမ်းဆော့တဲ့သူအချင်းချင်း စာရိုက်ပြီး ကြော်ငြာဝင်ပါ။ ကိုယ့်ရဲ့လင့်ကိုလည်း ပို့ပေးလိုက်ဖို့ မမေ့ပါနဲ့။

၉။ DR ရဖို့အတွက် Referral exchange ဆိုဒ်တွေမှာလည်း ၀င်ပြီးတော့ Register လုပ်ပြီး DR ရှာနိုင်ပါတယ်။ အဲဒီဆိုဒ်တွေက PTC ဆိုဒ်တွေနဲ့တော့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမယ့် သူက ကြော်ငြာတွေ ကြည့်ပြီးရင် ငွေမရဘဲ Point တွေပဲ ရပါတယ်။ ပြီးရင် အဲဒီ Point တွေကို သုံးပြီး DR ရှာရတာပါ။ Point တွေကို ၀ယ်မယ်ဆိုရင်လဲ ၀ယ်လို့ရနိုင်ပါတယ်။

အဲဒီဆိုဒ်တွေရဲ့ အကြောင်းကို နည်းနည်းပြောပြပါမယ်။ ကိုယ်ကအဲဒီမှာ Referral exchange မှာ ကိုယ်ရဲ့ referral လင့်ကို တင်ရပါတယ်။ ပြီးရင် ကိုယ်ရဲ့လင့်အောက်မှာ အကောင့်လုပ်ပြီးကြော်ငြာကြည့်လို့ရင် သုံးရက်ပြည့်ရင် Point ဘယ်လောက်ပေးမယ်ဆိုတာ ထည့်ပေးရပါတယ်။ ပြီးရင် အပိုဆုအနေနဲ့ (ထည့်ချင်ထည့်နိုင်ပါတယ်) ဥပမာအနေနဲ့ တစ်လကြည့်ရင်ကျ အပို Ponit ဘယ်လောက်ပေးပါမယ်ဆိုတာ ကို ထည့်ရေးနိုင်ပါတယ်။ 
အခြားသူတွေကလည်း Point လိုချင်တဲ့အတွက် ကိုယ်ပေးထားတဲ့ လင့်မှာ အကောင့်လာလုပ်ပါလိမ့်မယ်။ သူတို့ရဲ့ အကောင့်နာမည်ကို ပေးပါလိမ့်မယ်။ သူတို့က သုံးရက်နေရင် ကိုယ့်ဆီကို သူတို့ကို ပေးမယ်လို့ ပြောထားတဲ့ Point ကို တောင်းပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်ကနေ သူတို့ တကယ်ကလစ်လား မကလစ်ဘူးလားဆိုတာကို သေချာကြည့်ပြီး Point ကို ပေးခွင့်၊ ငြင်းခွင့်ရှိပါတယ်။ သူတို့ကလည်း တကယ်ကလစ်တာများပါတယ်။ ကိုယ်က Point မပေးဘဲ ငြင်းတာ များလာရင် ကိုယ့်အကောင့်နာမည်က တဖြည်းဖြည်း အရောင်ပြောင်းလာပါတယ်။ အဲဒါဆိုရင် အခြားသူတွေက နောက်ကို ကိုယ်ပေးထားတဲ့လင့်မှာ အကောင့်လာမလုပ်ကြတော့ပါဘူး။ 
အဲလို သူတို့တွေ အကောင့်လာလုပ်ဖို့အတွက် ကိုယ်ကိုတိုင်ကလည်း Point ရှာဖို့အတွက် ကြော်ငြာတွေကို ကြည့်ရသလို့၊ အခြားသူတွေရဲ့လင့်တွေအောက်မှာ အကောင့်လုပ်ပြီး ကြော်ငြာတွေ ကြည့်ပေးရပါတယ်။ ကိုယ်က Point ပိုပေးနိုင်လေ ကိုယ့်အတွက် DR ရဖို့ ပိုသေချာလေ ပါပဲ။ အဲဒီလိုနည်း ကိုယ်ကသူများလင့်တွေမှာ အကောင့်လုပ်ပြီး Point ရှာလိုက်၊ သူများတွေကို အကောင့်လုပ်ခိုင်းပြီး Point ပေးလိုက်နဲ့ သံသရာလည်နေကြပါတယ်။

Referral exchange အကြောင်းကိုတော့ နောက်မှ ပို့စ်တစ်ခုအနေနဲ့ တင်ပေးပါမယ်။ အခုတော့ အဲလိုနည်းတွေနဲ့ DR တွေကိုရှာလို့ ရတယ်လို့ပဲ မှတ်ထားပေးပါဦး။

Ref

Mini Jobs in Neobux

PTC ဆိုဒ်တွေမှာ Mini Jobs တွေကို လုပ်တာတွေကလည်း ငွေကို ပိုရစေပါတယ်။
ပထမဆုံး Offers ကနေ Mini Jobs ကို ကလစ်လိုက်ပါ။ အဲဒါဆိုရင် ကိုယ့်အကောင့်အတွက် ပေးထားတဲ့ Mini Jobs တွေကို တွေ့ရမှာပါ။ တကယ်လို့ မရှိသေးဘူးဆိုရင် Mini Jobs တွေ ထုတ်ပေးသည်အထိ စောင့်ဖို့ လိုပါတယ်။

တကယ်လို့ Mini Jobs လုပ်ဖို့ရှိတယ်ဆိုရင် ကိုယ်ကြိုက်တာကို ရွေးပြီးလုပ်နိုင်ပါတယ်။ လုပ်ပြီးသွားတယ်ဆိုရင် ရမယ့်ငွေပမာဏကိုလည်း ပြထားပေးပါတယ်။ ဥပမာအနေနဲ့ ''FIND HOTEL WEBSITES'' ဆိုတဲ့ အလုပ်ကို ရွေးလိုက်ပါတယ်။

အဲဒါဆိုရင် အပေါ်မှာပြထားတဲ့အတိုင်း တွေ့ရမှာပါ။ အလုပ်တွေက တစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အခု အလုပ်မှာဆိုရင် ''Aparments bandalo” hotel အတွက် official website ကို ရှာပေးရမှာပါ။ Google search ကို အသုံးပြုပြီးတော့ ''Apartments Bandalo'' အတွက် Official website ရှိလားဆိုတာကို ရှာပါ။
 
Googel search မှာ ''Apartments Bandalo'' အတွက် Official website ကို ရှာလို့ မတွေ့ပါဘူး။ အဲဒါကြောင့် အောက်မှာ ရှိတဲ့ Yes or No ထဲက No ကို ရွေးပေးလိုက်ပါတယ်။

အဲဒါဆိုရင် နောက်ထပ်မေးခွန်း ထပ်ပြီး ထွက်လာပါလိမ့်မယ်။ အောက်မှာ ပြထားပါတယ်။
ဒီတစ်ခါမှာတော့ ''kasteelhoeve Wange'' အတွက် offcial website ကို ရှာကြည့်ရမှာပါ။ Googel secarch ကို သုံးပြီးတော့ ရှာကြည့်လိုက်ပါဦး။

ဒီတစ်ခါမှာတော့ သူ့အတွက် official site ကို ထိပ်ဆုံးမှာပဲ တွေ့ပါတယ်။ ရှာလို့တွေ့တဲ့အတွက် Yes ကို ရွေးပြီးပေးလိုက်ပါ။ 

Yes ကိုရွေးလိုက်တယ်ဆိုရင် official site ရဲ့ လိပ်စာကို တောင်းပါလိမ့်မယ်။ ရှာလို့တွေ့တဲ့ official site ရဲ့ လင့်ကို ကော်ပီကူးပြီးတော့ ထည့်ပေးလိုက်ပါ။

အဲဒါပြီးရင် ဒီတစ်ခုအတွက် အလုပ်ထပ်ပြီးမထွက်လာတော့ဘူးဆိုရင် submit task ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင် ကျွန်တော်တို့ရှာပေးလိုက်တဲ့ ဒေတာပေါ်မူတည်ပြီး မှန်မမှန်ဆိုတာ ပြောပါလိမ့်မယ်။ တကယ်လို့ ရှာတာမှားတယ်ဆိုရင် (official site မရှိတာကို ရှိတယ်ဆိုပြီးထည့်ပေးလိုက်တယ်ဆိုရင်) ဒီအလုပ်အတွက် ငွေမရပါဘူး။ အချက်အလက်ကို မှန်အောင်ထည့်ပေးဖို့လိုပါတယ်။ အင်္ဂလိပ်စာနဲ့မဟုတ်တဲ့ အလုပ်တွေလည်း ရှိပါတယ်။ Google ကနေ ဘာသာပြန်ပြီးတော့ လုပ်မယ်ဆိုရင် လုပ်လို့ရပါတယ်။ အလုပ်တွေက တစ်ခုနဲ့တစ်ခု မတူတဲ့ အကုန်လုံးကုန်အောင် ပြောလို့မရပါဘူး။ သူပေးထားတဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်လုပ်ပေးတယ်ဆိုရင် ငွေရပါတယ်။

Paypal အကောင့် အချင်းချင်းငွေလွှဲရအောင်

Paypal အကောင့်အချင်းချင်းငွေလွှဲဖို့အတွက် Paypal အကောင့်က Verify ဖြစ်ဖို့ မလိုပါဘူး။ ဒါပေမယ့် Verify မဖြစ်သေးဘူးဆိုရင် တစ်လကို ဒေါ်လာ ၆၅၀ ထက်ပိုပြီးတော့ ငွေလွှဲ၊ ငွေလက်ခံလို့ မရပါဘူး။ အဲဒါထက် မပိုသေးဘူးဆိုရင် အဆင်ပြေပြေနဲ့ ငွေလွှဲ၊ ငွေလက်ခံလို့ ရပါတယ်။

မှတ်ချက်။ တချို့PTC ဆိုဒ်တွေက Paypal အကောင့် Verify မဖြစ်သေးဘူးဆိုရင် ငွေထုတ်တာ၊ ဒါမှမဟုတ် ဆိုဒ်ထဲကို လူဝယ်ဖို့အတွက် ငွေထည့်တာကို လုပ်လို့မရပါဘူး။ Paypal ကနေ ငွေလွှဲမယ်ဆိုရင် ငွေလွှဲမယ့်သူလုပ်ရမယ့်အပိုင်းနဲ့ ငွေလက်ခံမယ့်သူလုပ်ရမယ်အပိုင်းဆိုပြီး နှစ်ပိုင်းရှိပါတယ်။

Paypal ကနေ ငွေလွှဲမယ့်သူဆိုရင်


ငွေလွှဲမယ်ဆိုရင် Send Funds ကို နှိပ်လိုက်ပါ။


To (Email): ကိုယ်ငွေလွှဲပေးမယ့်သူရဲ့ Paypal အကောင့်အီးမေးကို သိရပါမယ်။ အီးမေးလိပ်စာကို အပြည့်အစုံထည့်ပေးပါ။ (ဥပမာ- naing@gmail.com ဆိုပြီး အပြည့်အစုံထည့်ပေးဖို့ လိုပါမယ်)

Amount: ကိုယ်လွှဲပေးမယ့် ငွေပမာဏကို ထည့်ပေးပါ။ နောက်မှာ ဒေါ်လာစသည်ဖြင့် ကိုယ်လွှဲမယ့် ငွေအမျိုးအစားကို ရွေးပေးပါ။

ပြီးရင်တော့ I’m sending money to family ofr friends ကို ရွေးပေးပါ။ Paypal အကောင့်ထဲမှာရှိတဲ့ ငွေကို လွှဲပေးတာဆိုရင် fee မပေးရပါဘူး။ ဒါပေမယ့် တစ်လကို ဘယ်လောက်ပဲ လွှဲရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီထက် မပိုမချင်း ငွေလွှဲခပေးစရာမလိုပါဘူး။

ပြီးရင် Continue ကို နှိပ်ပေးပါ။


ပြီးရင် ကျွန်တော်တို့ ထည့်ပေးလိုက်တဲ့ အီးမေးလိပ်စာ၊ လွှဲမယ့်ငွေပမာဏ စတာတွေကို ပြန်စစ်ခိုင်းပါတယ်။ မှန်တယ်ဆိုရင် send payment ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ငွေလွှဲလို့ ပြီးသွားပါပြီ။


ကျွန်တော်တို့အကောင့်ကနေ ငွေလွှဲလိုက်တယ်ဆိုတဲ့ အကြောင်းကို Paypal ကနေ အီးမေးပို့ပါလိမ့်မယ်။ ၀င်ပြီးတော့ ဖတ်ကြည့်နိုင်ပါတယ်။


ငွေလက်ခံမယ့်သူဆိုရင်
အခြားတစ်ဘက်ကနေ ငွေလွှဲလိုက်တယ်ဆိုရင် ငွေက ကိုယ့်အကောင့်ထဲကို ချက်ချင်းမရောက်သေးပါဘူး။ ငွေကို လွှဲလိုက်ပေးလိုက်တယ်ဆိုတဲ့ စာတော့ရောက်ပါတယ်။ ဘယ်သူကနေ လွှဲပေးလိုက်တယ်ဆိုတာကို ကြည့်လို့ ရပါတယ်။ ကိုယ်က လက်ခံတယ်ဆိုမှ ကိုယ့်အကောင့်ထဲကို ငွေက ရောက်တာပါ။ ပုံမှာပြထားတဲ့အတိုင်း Accept ကိုနှိပ်ပေးပါ။ လက်မခံဘူးဆိုရင် deny ကို နှိပ်နိုင်ပါတယ်။


ငွေလက်ခံဖို့အတွက် Accept Payment ကိုနှိပ်ပေးပါ။ Deny Payment ဆိုရင် ငွေလွှဲပေးတာကို လက်မခံဘဲ ကိုယ့်အကောင့်ထဲကို ငွေရောက်မှာ မဟုတ်ပါဘူး။ 


ကိုယ်က ငွေကို လက်ခံလိုက်တဲ့အတွက် ကိုယ့် Paypal အကောင့်ထဲမှာ ငွေရောက်လာပါပြီ။

မှတ်ချက်။ ဒီမှာဆိုရင် Paypal အကောင့်က Verify မဖြစ်သေးပေမယ့် ငွေကို လက်ခံလို့ရတယ်ဆိုတာကို သိသာစေပါတယ်။ ဒီငွေလက်ခံတဲ့ အကောင့်က Verify မလုပ်ထားရသေးပါဘူး။

Neobux က ငွေထုတ်မယ်

 ကျွန်တော့်လို မြန်မာချစ်စိတ်နဲ့ (ခတ်တည်တည်ပဲ) မြန်မာအိုင်ပီကို သုံးပြီး Neobux အကောင့်လုပ်ထားတဲ့ ညီကိုများအတွက် သတင်းကောင်းလေးပါဗျာ။

မြန်မာကနေ အကောင့်လုပ်ထားတဲ့ ကျွန်တော့်ရဲ့ Neobux ထဲက ငွေထုတ်ဖို့ your payment ကိုနှိပ်တော့ ကျွန်တော်တို့ မြန်မာကို paypal က အရေးမလုပ်လို့ ဆိုပြီး Neobux ကလဲ ငွေထုတ်ခွင့်မပေးပါဘူး။ အဲဒီတော့ ကြံရပြီပေါ့ IP ပြောင်းပြီး ထုတ်ကြည့်ပါတယ်၊ မရပါဘူး။ ကိုနိုင်အောင်စိုးနဲ့ တိုင်ပင်ကြည့်တဲ့ အခါ ၇ရက်လောက် IP ပြောင်းသုံးနိုင်ရင်တော့ ထုတ်လို့နိုင်တယ် ဒါပေမယ့်  ဟော့စပေါ့နဲ့ ပြောင်းမယ်ဆို ရင်တော့ မူရင်းနိုင်ငံကို Neobux ကသိနေပါတယ်တဲ့။အကောင့်လုပ်ကတည်းက အခြားနိုင်ငံ IP နဲ့ အကောင့်လုပ်ခဲ့တဲ့ သူတွေကတော့ မြန်မာကနေ IP ပြောင်းပြီး ငွေထုတ်လို့ရပါသတဲ့ဗျာ။ ကျွန်တော့် လို ရွှေမြန်မာ အိုင်ပီနဲ့ အကောင့်လုပ်ခဲ့တဲ့သူတွေကတော့  Neobux က ငွေထုတ်ဖို့ နိုင်ငံခြားတာင် သွားရ မယ့်ကိန်းဆိုက်နေပါတယ်။
 ကျွန်တော်ကိုယ်တိုင် Connection မကောင်းတဲ့ကြားက  ဖရီးဒမ်းကိုသုံးပြီး အပင်ပန်းခံ စမ်းသပ်ခဲ့တာ ခုတော့  နိုင်ငံခြားသွားစရာမလိုတော့ပါဘူး။ Neobuxက မူရင်းနိုင်ငံကို မထောက်လှမ်းနိုင်တော့ပါဘူး။ အဲဒါ ကျွန်တော့်အစွမ်း မဟုတ်ပါဘူးဗျာ ဖရီးဒမ်းရဲ့ အစွမ်းပါ။
ဖရီးဒမ်းကိုသုံးပြီး ၇ရက်လောက်ကလစ်ခဲ့ပါတယ်။ အရင်ကလို သတိရတိုင်းဖွင့်မကြည့်နိုင်တော့ပါဘူး။ အင်တာနက်လိုင်းလေး အတန်အသင့်ကောင်းတဲ့ မနက်လေးနာရီခွဲလောက်ထပြီး အိပ်ချင်မူးတူး နဲ့ ကြော်ငြာတွေကို ကလစ်ခဲ့ရပါတယ်။ တစ်နေ့မှ တကြိမ်ပဲ ဖွင့်ပါတယ်။အခု ၂ဒေါ်လာပြည့်လို့ စမ်းထုတ် ကြည့်တာ ဖရီးဒမ်းနဲ့ သုံးတာ ၇ရက်အလွန် ၈ရက်မြောက်နေ့မှာ paypal နဲ့ အောင်မြင်စွာ ငွေထုတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်ငွေထုတ်ခဲ့တဲ့ ပုံလေး တွေ ကို အောက်မှာ တင်ထားပါတယ်။
အောက်ပါပုံက ၅ရက်မြောက်နေ့က ရိုက်ထားတာပါ။ ၇ရက်မပြည့်သေးလို့ ငွေထုတ်တာမအောင်မြင်ခဲ့ပါဘူးဗျာ။

၅  ၆ ၇ မြောက်တဲ့နေ့အထိ ဒီအဆင့်မှာတင် ရပ်သွားပါတယ်ဗျာ။ ၈ ရက်မြောက်နေ့မှ အောက်ပါ ကျက် သရေရှိလှတဲ့ ပုံလေးကို တွေ့ရပါတယ်။

ဒါကတော့ ကျွန်တော် paypal ထဲကို အမှန်တကယ်ငွေရောက်လာတဲ့ သက်သေလေးပါပဲ။

X လက်ဆောင် X
xxxxxxxxxxxxx
မြန်မာအိုင်ပီနဲ့ noebux အကောင့်လုပ်ခဲ့လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး ညီကိုတို့ရေ ကယ်တင်ရှင် ဖရီးဒမ်းရှိပါတယ်။ ဖရီးဒမ်းကိုအသုံးမပြုတတ်သေးတဲ့ ညီကိုများအတွက် ဖရီးဒမ်းအသုံးပြုနည်း တင်ပေးသွားပါမယ်ဗျာ။

neobux အကောင့်မလုပ်ရသေးရင် IP ကြော်ပြီး အကောင့်လုပ်ထားစေချင်ပါတယ်။ IP ကျော်ပြီး အကောင့်လုပ်ထားတဲ့သူတွေက မြန်မာအိုင်ပီနဲ့ ကလစ်ပြီး ငွေထုတ်ချင်တော့မှ IPကျော်ပြီး ငွေထုတ်ရင် ၇ရက်ပြည့်အောင်စောင့်စရာမလိုပဲ လွယ်လွယ်ထုတ်ယူလို့ ရတယ်လို့ ကြားသိထားရပါတယ်။

အကောင့်မလုပ်ရသေးရင် ဒီလင့်ကနေ အကောင့်လုပ်ပြီး DR လေးမစသွားပါအုံးဗျာ။

Ref

How to Verify Paypal Account with Payment Card


အရင်ဆုံး ကျွန်တော်တို့ရဲ့ Paypal အကောင့်ထဲကို Login ၀င်လိုက်ပါ။


ကျွန်တော်တို့ရဲ့ အကောင့်က Verify မလုပ်ရသေးတဲ့အတွက် Get Verified ဆိုတဲ့ စာသားလေး ပေါ်နေပါလိမ့်မယ်။ ဘေးက Notifications မှာလည်း Payment card နဲ့ ချိတ်ဖို့အတွက် စာသားလေး ပေါ်နေပါတယ်။ Get verified ကို နှိပ်လိုက်ပါ။


First name: Paypal မှာ အကောင့်လုပ်တုန်းက နာမည်အတိုင်း ထားခဲ့လို့ ရပါတယ်။ ပြင်စရာမလိုပါဘူး။ သူ့ဘာသာ ထည့်ပေးထားပါတယ်။

Card type: Visa, Master စသည်ဖြင့် ကိုယ်ရဲ့ ကဒ်အမျိုးအစားကို ရွေးပေးလိုက်ပါ။

Card number: ကဒ်နံပါတ်ကို ရိုက်ထည့်ပေးပါ။

Expiration date: ကဒ် သက်တမ်းကုန်ဆုံးမယ့် လနဲ့ နှစ်ကို ရိုက်ထည့်ပေးပါ။

CSC: ဒါကတော့ ကျွန်တော်တို့ကဒ်ရဲ့ Card security code ပါ။ ကဒ်ရဲ့ အခြားတစ်ဘက် (နောက်ကျောဘက်) မှာ ရှိတတ်ပါတယ်။ Visa တို့ဆိုရင် ကုဒ်က သုံးလုံးဖြစ်ပါတယ်။ American Express ဆိုရင် ကုဒ်က လေးလုံးဖြစ်ပါတယ်။ အဲဒီကုဒ်ကို ရိုက်ထည့်ပေးပါ။


နောက်ဆုံးမှာ ပြထားတဲ့ Billing address ကို ပြင်ချင်ရင် change ကို နှိပ်ပြီးတော့ ပြင်နိုင်ပါတယ်။ ဒီအတိုင်းပဲ ထားခဲ့လို့လဲ ရပါတယ်။ ပြီးရင် အောက်ဆုံးမှာ ပြထားတဲ့ Continue ကို နှိပ်ပေးပါ။ Continue ကို နှိပ်တယ်ဆိုရင် Paypal ကနေ $1.95 ကို ကဒ်ထဲကနေ ဖြတ်ယူသွားပါလိမ့်မယ်။ အဲဒီငွေကို ၂၄ နာရီအတွင်းမှာ Paypal အကောင့်ထဲကို ပြန်လည်ထည့်ပေးပါလိမ့်မယ်။

(တခါတလေမှာတော့ Paypal ကနေ ကဒ်အသစ်နဲ့ချိတ်တဲ့အခါမှာ $1.95 ဒေါ်လာအပြင် နောက်ထပ် တစ်ဒေါ်လာကို ကဒ်ချိတ်တဲ့အနေနဲ့ ဖြတ်ယူတတ်ပါတယ်။ အဲဒီ တစ်ဒေါ်လာကိုတော့ Paypal အကောင့်ထဲကို ပြန်ပြီးတော့ ထည့်မပေးပါဘူး။)

အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာချိတ်လို့ ပြီးပါပြီး။ ဒါပေမယ့် ကျွန်တော်တို့ ကဒ်ကို Confirm လုပ်ပေးဖို့ လိုပါသေးတယ်။ Confirm လုပ်ဖို့အတွက် Profile ကနေ Add or Edit Bank card ကို အဆင့်ဆင့်သွားလိုက်ပါ။


အပေါ်က ပုံမှာပြထားတဲ့ အတိုင်း ကျွန်တော်တို့ရဲ့ Credit ကဒ်ကို ထည့်သွင်းထားတာ တွေ့ရပါလိမ့်မယ်။ ကဒ်ကို Confirm လုပ်ဖို့အတွက် ဘေးမှာ ပြထားတဲ့ Link and Confirm My card ကို နှိပ်လိုက်ပါ။ (တခါတလေမှာတော့ Link and Confirm My card ဆိုတဲ့ စာသားမဟုတ်ဘဲ Enter Paypal code ဆိုပြီး ဖြစ်တတ်ပါတယ်။)

အဲဒါဆိုရင် Paypal code ကို ထည့်သွင်းပြီးတော့ Confirm Card ကို နှိပ်လိုက်ပါ။ အဲဒါဆိုရင်

ကျွန်တော်တို့ရဲ့ ကဒ်ကို အောင်မြင်စွာနဲ့ Confirm လုပ်လို့ပြီးပါပြီ။


အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ အကောင့်က Verify ဖြစ်သွားပြီးဆိုတဲ့အကြောင်းကို တွေ့ရမှာပါ။



Paypal code ကို ဘယ်လိုရှာရမှာလဲ

Paypal ကနေ $1.95 ဖြတ်ယူတုန်းက ကျွန်တော်တို့ရဲ့ Payment card statement ထဲကို Paypal ကနေ $1.95 ဖြတ်ယူသွားတယ်ဆိုတဲ့ အကြောင်းကို message ရောက်ပါတယ်။ အဲဒီ message ထဲမှာ Paypal ကနေ ပို့လိုက်တဲ့ ဂဏန်းလေးလုံးပါတဲ့ ကုဒ်တစ်ခု ပါပါတယ်။ အဲဒီကုဒ်ကို ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ တခါတလေမှာတော့ အဲဒီ message ရောက်ဖို့အတွက် သုံးလေးရက် ကြာတတ်ပါတယ်။ 

တကယ်လို့ ကျွန်တော်တို့ရဲ့ Payment card ဘဏ်က internet banking ကို အသုံးပြုလို့ ရတယ်ဆိုရင် ကိုယ့်ဘဏ်အကောင့်ထဲကို Login ၀င်ကြည့်ပြီး ကုဒ်ကို ရယူနိုင်ပါတယ်။

အောက်မှာ ပုံအနေနဲ့ နမူနာပြထားပါတယ်။


တကယ်လို့ internet banking စနစ်ကို အသုံးပြုလို့မရခဲ့ဘူးဆိုရင် ကျွန်တော်တို့ကဒ်အတွက် monthly statement(လစဉ်ငွေစာရင်းရှင်းတမ်း)ကို စောင့်ပြီးတော့ ကုဒ်ကို ရယူနိုင်ပါတယ်။ တကယ်လို့ အမြန်လိုချင်တယ်ဆိုရင်တော့ ဘဏ်မန်နေဂျာနဲ့ ဆက်သွယ်ပြီးတော့ အကျိုးအကြောင်းပြောပြီးတော့ အကူအညီတောင်းယူနိုင်ပါတယ်။