Pages

Sunday, November 24, 2013

Bitcoin ရှာနည်းများ

How to Get Coins?


                 PTC တွေလိုပဲ click လုပ်ရင်း bitcoin တွေကို ရှာလို့ ရပါတယ်။ bitcoin ကိုကျတော့ BTC လို့ ခေါ်တယ်။ BTC free တွေအများကြီးရှိပါတယ်။ ဒီမှာ အခုပြောမှာက  FreeBitcoin ပါ။
link က  ဒီမှာ ပါ....
ပုံမှန်အတိုင်းပါပဲ... Register လုပ်ရပါမယ်။
သူက တစ်နာရီတစ်ခါ click ရပါတယ်။ အင်တာနက် သုံးတဲ့အချိန်တိုင်း ပုံမှန် click သွားမယ်ဆိုရင် တစ်ပတ်လောက်ဆို 3 Coins  ကနေ 5 Coins အထိ ရနိုင်ပါတယ်။ ထူးခြားတာက သူက လောင်းကစား လဲလုပ်လို့ ရပါတယ် (၀ါသနာပါရင်ပေါ့) ... စိတ်ဝင်စားတယ်ဆို စမ်းလုပ်ကြည့်ကြပါ....။


                  နောက်တစ်ခုကတော့ bitvisitor ပါ link က ဒီမှာပါ။
သူကတော့ အလွန်ရိုးရှင်းပါတယ် မိမိရဲ့ bitcoin address ကိုထည့်ပြီး ကြော်ငြာကြည့်ရုံပါဘဲ ၅ မိနစ် တစ်ခါ ကြော်ငြာကြည့်လို့ရပါတယ်


                  ဒီဆိုဒ်ကတော့ ကျွန်တော့်တို့ ပုံမှန် PTC ဆိုဒ်တွေနဲ့ တူပါတယ် ကြော်ငြာတွေ click ရတာပါ
စိတ်ဝင်စားတယ်ဆို စမ်းလုပ်ကြည့်ပါ link ကတော့ ဒီမှာပါ။

BitCoin အကောင့်လျှောက်နည်း

What is Bitcoin?
 
           Bitcoin ဆိုတာက အလွယ်ပြောရရင် Digital Money ပေါ့ဗျာ.. သူက credit card တွေလို အလွယ်တကူ hack မရဘူးလို့ တော့ပြောထားတာပဲ... (ဟိုတစ်လောကတော့ Bitcoin site တစ်ခု ဟက်ခံရလို့  သန်းနဲ့ချီ ပါသွားတယ်လို့ ဖတ်လိုက်ရသေးတယ် :P )
Bitcoin ကို စတင်အသုံးပြုတာကတော့ 2008 လောက်ကပါ။ ဒီမှာတော့ ခုမှကြားဖူးတာ..။
Electronic Cash System လို့ လဲ ခေါ်ကြပါသေးတယ်။ Bitcoin ကိုဘာကြောင့် သုံးကြသလဲဆိုတော့ Bitcoin ဟာ bank တွေလိုမျိုး တစ်ဦးတစ်ယောက်ရဲ့  control အောက်မှာ ရှိမနေပါဘူး။ အဲတော့ ဘယ်သူမှ ကိုယ့်ရဲ့  bitcoin အကောင့်ကို ဖျက်လိုက်လို့ မရဘူး။ Banned လိုက်လို့ လဲမရဘူး။ Bitcoin ကို အင်တာနက်အသုံးပြုလို့ ရတဲ့ နိုင်ငံတိုင်းမှာ သုံးလို့ ရပါတယ်။ ပြီးတော့ သင့်ရဲ့  bitcoin အကောင့်နဲ့ သင်ဘယ်သူဆိုတာကို မသိနိုင်ပါဘူး။ Anonymity ဖြစ်တာပေါ့ :D

အကောင့်လျှောက်မယ်ဆိုရင် ဒီနေရာ ကနေ join ပါ။ ကျွန်တော် ဒီပို့စ်ရေးနေတဲ့အချိန်မှာဘဲ bitcoin ရဲ့ဈေးနှုန်းက $792.67 ရှိနေပါပြီး။


Bitcoin ရှာဖို့ bitcoin address လိုပါတယ် bitcoin address မရှိဘဲနဲ့  coin ရှာလို့မရပါဘူး
bitcoin address ကိုရှာဖို့အတွက် account setting ကိုနှိပ်ပါ။


Bitcoin address ကိုနှိပ်ပါ။


အနီနဲ့ဝိုက်ပြထားတဲ့ Create New Address ကိုနှိပ်ပါ. အဲ့ဒါဆိုအောက်ပါ မိမိရဲ့ bitcoin address တစ်ခု ရပါလိမ့်မယ် ဒါဆိုရင်တော့ bitcoin စတင်ရှာလို့ရပါပြီး။ နောက်ရက်တွေမှာ bitcoin ကိုဘယ်လိုရှာရမလဲဆိုတာ တင်ပေးမှာဖြစ်ပါတယ်။

EasyHits4U : The Best Traffic Exchange To Make Money

Image and video hosting by TinyPic 

EasyHits4U နဲ့ ငွေရှာတော့မယ် ဒီ နေရာကနေ Join ကြပါ.


  • ဆိုဒ် အမျိုးအစား ကတော့ Traffic Exchange ဖြစ်ပါတယ်.
  • ဆိုဒ် ရဲ့သက်တမ်းကတော့ အခု ပိုစ်စတင်တဲ့ အချိန်ကနေဆိုရင်10 နှစ်နဲ့ 4 လကျော် ရှိပြီ ဖြစ်တဲ့ သက်တမ်းရင့် ဆိုဒ်တခုပါ.
  • ဆိုဒ်ကို ပိုင်ဆိုင်တဲ့ company ကတော့ Remax Inc ဖြစ်ပါတယ်.
  • ဆိုဒ် ရဲ့ Minimum Cash out ကတော့ $3.00 ဖြစ်ပါတယ်.
  • ဆိုဒ် မှာ ငွေထုတ်ခဲ့ရင် ငွေထုတ်တဲ့ အချိန်ကစပြီး နောက် 7 ရက် အတွင်းမှာ ရပါမယ်.
  • ဆိုဒ်ရဲ့ Payment Method ကတော့ Paypal, Payza တို့ပဲဖြစ်ပါတယ်.
  • Country Restriction မရှိတဲ့ အတွက် မည့်သည့် နိုင်ငံက မဆို ၀င်ရောက် ငွေရှာလို့ရပါတယ်.
The Most Popular Traffic Exchange
Review
       EasyHits4U ဟာ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ငွေပေးနေတဲ့ Traffic Exchange ဆိုဒ်တခု ဖြစ်ပြီး အခု ချိန်ထိလဲ ဆိုဒ် ရဲ့ အောင် မြင်မှု့ဟာ ဆက်လက် ကြာရှည်နေတုန်းပါပဲ. လက်ရှိ ပိုစ့်တင်တဲ့ အချိန်မှာ ဆိုဒ်မှာ မန်ဘာပေါင်း 7 သိန်းကျော် ရှိနေပြီး နေ့တိုင်းလည်း မန်ဘာတွေ ဆက်လက် တိုးနေတဲ့ ဆိုဒ်တခုပါ.
ဆိုဒ်မှာ Surf လုပ်ရင်းငွေရှာနိုင်တဲ့ အပြင် Bonus Program တွေ Lottery တွေ နဲ့ပါ ငွေရှာ နိုင်ပြီးတော့ Offerwalls လေးခု ကိုပါ Support လုပ်ထားပါတယ်.
အောက်မှာ EasyHits4U နဲ့ ငွေရှာ နိုင်သော နည်းလမ်း အနှစ်ချုပ်ကို ရေးပေးထားပါတယ်. လေ့လာ ကြည့်ပါဦး.
  • Surf လုပ်တာ 1000 ပြည့်တိုင်းမှာ $0.30 ပေးပါတယ်
  • ကိုယ် က ဆိုဒ်ကို DR တယောက်ကို Refer လုပ်လိုက်လို့ သူက Surf လုပ်တာ 100 ပြည့်သွားရင် ကိုယ့်ကို 1 Time Bonus အဖြစ် $0.10 ပေးပါတယ်.
  • Surf လုပ်နေရင်း Bonus Page ရောက်ရင် Random Cash Prize တွေ ရနိုင်ပါတယ်
  • Bonus Page မှာ Daily Surfing Ticket ရခဲ့ရင် ကိုယ် ရဲ့ Ticket ဟာ နေ့စဉ် Lottery Draw ထဲမှာ Auto ပါဝင်သွားမှာ ဖြစ်ပြီး ကံကောင်းရင် $1.00 ပေါက်နိုင်ပါတယ်
  • Offerwalls လေးခုမှာ Offer တွေ လုပ်ပြီးရလာ တဲ့ points တွေ ကို ပိုက်ဆံအဖြစ်ပြောင်းလဲ လို့ ရပါတယ်. ( 1000 points = $1.00 )
အဲ့တာ အပြင်တခြားငွေရှာတဲ့ နည်းလမ်းတွေ ပါဝင်တဲ့ ဆိုဒ်ကောင်းတခု ဖြစ်ပြီး ငွေရှာလို့ အလွန်ကောင်းပါတယ်. ဒါပေမဲ့ သင်ဟာ Traffic Exchange ဆိုဒ်တွေ နဲ့ မရင်းနှီးသေးတဲ့သူဆိုရင်တော့ဆိုဒ် ရဲ့ ပုံစံဟာ အနည်းငယ်ရှုပ်ထွေးတဲ့အတွက် Video Guide ကိုလေ့လာပြီးမှ ဆက်လုပ်ဖို့ အကြံပေးပါရစေ။ အစ်ကို ဇင်ကိုအောင် ဆိုဒ်ကနေ ပြန်လည်မျှဝေတာပါ။

EasyHits4U နဲ့ ငွေရှာတော့မယ် ဒီ နေရာကနေ Join ကြပါ

Captcha2Cash : Earn by typing a word

Image and video hosting by TinyPic 

Captcha2Cash နဲ့ ငွေ ရှာချင်ရင် ဒီနေကနေ Join ပါ

  • ဆိုဒ်အမျိုးအစား က Captcha Typing Job ဖြစ်ပါတယ်.
  • ဆိုဒ်ရဲ့  Information က Hide လုပ်ထားတဲ့အတွက် ပိုင်ရှင်ကို မသိရပါဘူး.
  • ဆိုဒ်ရဲ့ Minimum Cash Out က Payment Method ပေါ်မူတည်ပြီး ကွာ ခြားပါတယ်.
  • Perfect Money အတွက် $0.30 ရောက်ရင် ထုတ်လို့ရမှာ ဖြစ်ပြီး Payza အတွက် ကတော့ $1.00 ရောက်မှ ထုတ်လို့ ရမှာ ဖြစ်ပါတယ်.
  • Country Restriction မရှိတဲ့ အတွက် မည်သည့် နိုင်ငံကမဆို ၀င်ရောက် ငွေရှာလို့ရပါတယ်.

Reivew
      ဒီ ဆိုဒ်က တော့ သူပေးထားတဲ့ Words တွေကို ကိုယ်က Tying ရိုက်ပေးရုံနဲ့ ကိုယ့်ကို ပိုက်ဆံပြန်ပေးမဲ့ ဆိုဒ်ဖြစ်ပါတယ်. ဆိုဒ်ရဲ့ Rate ကတော့ Words တခု ကို $0.001 ပေးတယ် လို့ ဆိုထားပေမဲ့ တကယ် တမ်း ကြတော့ $0.0003 လောက်သာပေးတယ်လို့ ထင်ပါတယ်. ဒါပေမဲ့ ကိုယ်က Typing လေ့ကျင့်ရင်း ငွေရှာ ချင်တယ် ဆိုရင်တော့ ဒီ ဆိုဒ်က မဆိုးဘူးလို့ ပြောလို့ရပါတယ်. ပြီးတော့ သူရဲ့ ဆိုဒ် မှာ Payout ကို Instant လို ပြောထားပေမဲ့ ချက်ခြင်းမပေးပါဘူး. ဒါပေမဲ့ request လုပ်ပြီး 12 Hrs အတွင်းမှာ ကိုယ့်ဆီ ကို ကျိမ်းသေပေးပါတယ်. အဲ့ထက်တော့ ပိုမကြာပါဘူး.
   ကျွန်တော် ကိုယ်တိုင်စမ်းသပ်ပြီး ငွေထုတ်လို့ အဆင်ပြေတဲ့ အတွက်ကြောင့် တင်ပေးလိုက်တာပါ. ဒါပေမဲ့ တခု သတိထားရမှာ က ငွေအများကြီး စုပြီးမှ မထုတ်ကြပါနဲ့. ကိုယ်ရဲ့ Minimum Cashout ရောက်တာ နဲ့ ငွေထုတ်လိုက်ပါ payza နဲ့ PM ကိုဘဲငွေပေးပါတယ် ဒီဆိုဒ်မှာ Paypal ဖြင့် cashout လုပ်လို့မရပါဘူး။

Ref

Freedom အသုံးပြုနည်း

ဖရီးဒမ်းကိုအသုံးပြုဖို့ Freedom အကောင့်ရှိရပါမယ်။ အကောင့်လုပ်နည်းကို ဒီမှာ ရေးထားပြီးပါပြီ။ဒီမှာတော့ ဖရီးဒမ်း အသုံးပြုနည်းကိုပဲ သီးသန့်ပြောသွားပါမယ်။
ဖရီးဒမ်းအသုံးပြုဖို့ ဖရီးဆော့ဝဲကိုဖွင့်လိုက်ပါ။ မရှိသေးရင် ဒီမှာ ဒေါင်းလိုက်ပါ။
 အောက်ပါအတိုင်းတွေ့ရပါမယ်။

 ဒီအဆင့်မှာ နှစ်သက်ရာ ဘာသာစကားကိုရွေးချယ်နိုင်ပါတယ်။ ကျွန်တော်ကတော့ မြန်မာစာ ကိုရွေးလိုက်ပါတယ်။

ဖရီးကို သုံးလက်စဖြစ်နေပြီး အဆင်မပြေသေးသူတွေကတော့ ပြန်ဆင်မှုပြုလုပ်ရန်ကိုနှိပ်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်။ မသိပါက တဆင့်ချင်းဆီလုပ်ဆောင်ရန်ကို နှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
ရှေ့သို့ ကိုနှိပ်ပါ။
အောက်ပါအတိုင်း ရှာတွေ့တဲ့ ဆာဗာတွေထဲက နှစ်သက်ရာ ဆာဗာတစ်ခုကိုရွေးပါ။
ဖရီးဒမ်းတွင်ပြုလုပ်ခဲ့သော username and password ကို ရိုက်ထည့်ပါ။
သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

သိမ်းပြီးထွက်ရန်ကိုနှိပ်ပါ။

ဖရီးဒမ်းအသုံးပြုဖို့ အသင့်အနေအထားရှိနေပါပြီ။ စတင်ဆက်သွယ်ရန်ကိုနှိပ်လိုက်ပါ။
 အောက်ပါအတိုင်း အလိုအလျောက်တက်ရန်ကို အမှန်ခြစ်ပေးထားပါ။
အောက်ပါ အတိုင်းတွေ့ရလျင် ဖရီးဒမ်းဆော့ဝဲ နဲ့ ဖရီးဒမ်းဆာဗာတို့ အဆင်ပြေပြေ ချိတ်ဆက်မိပါပြီ။
 Firefox မှာ ဖရီးဒမ်းနဲ့ အသုံးပြုဖို့ proxy setting ကိုအနည်းနည်းပြောင်းပေးရပါမယ်။

အောက်ပါပုံအတိုက် လိုက်နှိပ်လိုက်ပါ။

အောက်ပါပုံအတိုင်း လိုက်နှိပ်ပါ။


 အောက်ပါပုံအတိုင်း ရွေးချယ်ပြီး HTTP Proxy မှာ127.0.0.1 Port မှာ 8080 လို့ ရှိနေရပါမယ်။
တကယ်လို့ ရှိမနေ့ခဲ့ဘူးဆိုရင် ကိုယ်တိုင် ထည့်ပေးလိုက်ပါ။

 ok နှိပ်လိုက်ပါ။

ဖရီးဒမ်းနှင့် အသုံပြုမည်ဆိုတိုင်း ဒီအခြေအနေရအောင်ပြင်ရပါမယ်။
ပုံမှန် IP အတိုင်းသုံးချင်ရင် No proxy ကိုရွေးပြီး ok နှိပ်ပါ။
နောက်တစ်ခါ ဖရီးဒမ်းနှင့်အသုံးပြုမည်ဆိုလျင် Manual proxy configuration ကိုရွေးပါ။ ok နှိပ်ပါ။

ဖရီးဒမ်း အိုင်ပီလား ပုံမှန်အိုင်ပီလား သိနိုင်ဖို့  အောက်ပါ ၀က်ဆိုက်ဖြင့်စမ်းသပ်နိုင်ပါတယ်။

http://whatismyipaddress.com/
 
ကျွန်တော်ကတော့ဖရီးဒမ်းနဲ့ သုံးမယ့်ဆိုက်တွေကို Firefox မှာဖွင့်ပြီးကလစ်နေတဲ့ အချိန်မှာ
Chrome ကိုမြန်မာအိုင်ပီနဲ့ဖွင့်ပြီး ကျန်တဲ့ မြန်မာအိုင်ပီနဲ့ အဆင်ပြေတဲ့ ဆိုက်တွေကိုသုံးပါတယ်။
စက်တစ်လုံးထဲမှာ အိုင်ပီနှစ်ခုကို browser နှစ်ခု နဲ့ ခွဲသုံးပါတယ်။ လုံးဝအဆင်ပြေပါတယ် ခင်ဗျာ။

 မှတ်ချက်
ဆိုက်တစ်ခုထဲကို အကောင့်နှစ်ခုလုပ်ပြီး ခွဲသုံးတာမဟုတ်ပါ။

Ref

Your-freedom အကောင့်ဖွင့်ရအောင်

ကျွန်တော်တို့ မြန်မာနိုင်ငံကနေ Paypal / PayZa အကောင့်ကို ဖွင့်မယ်ဆိုရင် တိုက်ရိုက်ဖွင့်လို့ မရသေးပါဘူး။ မြန်မာနိုင်ငံ IP address နဲ့ဆိုရင် Paypal / PayZa အကောင့်ကို ချက်ချင်း Limited လုပ်လိုက်မှာပါ။ မြန်မာကနေ Paypal / PayZa ကို သုံးချင်တယ်ဆိုရင် Proxy ဆော့ဝဲတွေကို သုံးပြီးတော့မှ ရပါလိမ့်မယ်။ အခု ဒီမှာတော့ Proxy ကျော်ဖို့အတွက် Your-freedom ဆော့ဝဲကို အသုံးပြုပါတယ်။ အဲဒီဆော့ဝဲကို အသုံးပြုဖို့အတွက်ဆိုရင် http://www.your-freedom.net/ မှာ အရင်ဆုံး Register လုပ်ဖို့လိုပါတယ်။

၁။ Register လုပ်ဖို့အတွက် http://www.your-freedom.net/ ကို အရင်ဖွင့်လိုက်ပါ။

၂။ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Click here to register ကို နှိပ်လိုက်ပါ။


နောက်ထပ် ထပ်ပွင့်လာတဲ့ Page ကို အောက်မှာပြထားပါတယ်။


Username: Your-freedom အကောင့်အတွက် username ကို ထည့်ပေးပါ။

Password: Your-freedom အကောင့်အတွက် Password ကို ထည့်ပေးပါ။

Repeat Password: အပေါ်မှာ ထည့်ခဲ့တဲ့ Password ကိုပဲ ပြန်ထည့်ပေးပါ။

Email address: ကိုယ့်ရဲ့ Email လိပ်စာကို ထည့်ပေးပါ။

ပြီးရင် အောက်မှာ မြှားပြထားတဲ့ Check box တွေမှာ ကလစ်ပြီး Check လုပ်ပေးပါ။


အပေါ်မှာ ကိုယ်ရဲ့ အချက်အလက်တွေကို ထည့်ပေးရမယ့် နေရာကို ပြထားတာပါ။ အဲဒါတွေက လုံးဝ အရေးမကြီးပါဘူး။ အဆင်ပြေတာကို ထည့်ပေးနိုင်ပါတယ်။ မဖြည့်ဘဲနဲ့ ကျော်သွားလို့လည်း ရပါတယ်။ ပြီးရင် Submit ကို နှိပ်ပေးပါ။

ပြီးရင် ကျွန်တော်တို့အပေါ်မှာ ထည့်ပေးခဲ့တဲ့ Email လိပ်စာဆီကို အီးမေးပို့လိုက်တယ်ဆိုတဲ့ Page တက်လာပါလိမ့်မယ်။


မေးထဲကိုသွားပြီးတော့ Your-freedom ကနေ ပို့လိုက်တဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် ပုံမှာ မြှားပြထားတဲ့ လင့်ကို နှိပ်လိုက်ပါ။ ပြီးရင် အကောင့်ကို Activation လုပ်ခိုင်းတဲ့ Page တက်လာပါလိမ့်မယ်။
ပြီးရင် Username နဲ့ Authorization code ကို အီးမေးထဲကနေ ကော်ပီကူးထည့်ပြီး Activate account ကို နှိပ်ပေးပါ။ အဲဒါဆိုရင် ကျွန်တော့်တို့ Register လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။
ပြီးရင် ကျွန်တော်တို့ ကွန်ပြူတာမှာ Your-freedom ဆော့ဝဲကို install လုပ်နိုင်ဖို့အတွက် Downloads ကို နှိပ်ပေးပါ။ 


ကိုယ့်ကွန်ပြူတာ OS နဲ့ ကိုက်ညီမယ့် Installer ကို ရွေးပြီး download လုပ်ပြီး install လုပ်ပြီး အသုံးပြုလို့ ရပါပြီ။

Wednesday, November 13, 2013

Online Bank Account တွေအတွက် Fake Name generator အသုံးပြုနည်း

ကျွန်တော်တို့တွေ အွန်လိုင်းမှာ (ဥပမာ ဘဏ်အကောင့်တွေ လုပ်တဲ့အခါ) Postal code (စာတိုက်သေတ္တာနံပါတ်) တို့ကို တောင်းတတ်ပါတယ်။ ကိုယ်ပေးလိုက်တဲ့ လိပ်စာနဲ့ Postal code ကို မှန်မမှန်သေချာစစ်ပါတယ်။ လိပ်စာနဲ့ Postal code (Zip code) တွေကို Fake name generator သုံးပြီး ရှာကြည့်ရအောင်ပါ။

ပထမဆုံး http://www.fakenamegenerator.com/ ကို အရင်သွားလိုက်ပါ။

ကျွန်တော်တို့က သုံးခုပဲ ရွေးပေးစရာ လိုပါတယ်။

Gender: အမျိုးသားနာမည်လား ဒါမှမဟုတ် အမျိုးသမီးနာမည်လားဆိုတာ ရွေးပေးပါ။

Name set: ဘာလူမျိုးရဲ့ နာမည်လဲ ဆိုတာကို ရွေးပေးရပါမယ်။ ဒါက အရေးမကြီးပါဘူး။ အကောင့်လုပ်တဲ့အခါကျရင် ကိုယ့်နာမည်ပဲ သုံးလို့ ရပါတယ်။

Country: ဒါကတော့ အရေးကြီးပါတယ်။ ကျွန်တော့်တို့ အကောင့်တွေလုပ်တဲ့အခါမှာ ထည့်မယ့်နိုင်ငံကို ရွေးပေးပါ။ ဒါမှ လိပ်စာနဲ့ Postal code က အဆင်ပြေမှာပါ။

ပြီးရင်တော့ အောက်ဆုံးက Generate ကို နှိပ်ပေးပါ။

အောက်မှာ ထွက်လာတဲ့ပုံကို နမူနာပြထားပါတယ်။ ထုတ်ပေးတဲ့ နာမည်တွေနဲ့ လိပ်စာတွေက တခါနဲ့တခါ မတူပါဘူး။

ကျွန်တော်တို့အတွက် အရေးကြီးတာ လိပ်စာနဲ့ Postal code ပါ။ ပထမမြှားနှစ်ခုက ကျွန်တော်တို့ ရွေးပေးလိုက်တဲ့ Country မှာရှိတဲ့ အိမ်နံပါတ်ရယ်၊ လမ်းနာမည်ရယ်၊ မြို့နာမည်ပါ။ နောက်မြှားထိုးပြီး လေးထောင့်ကွင်းထဲက Postal code ပါ။ တကယ်လို့ LA 70501 ဆိုပါစို့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် ရှေ့က LA ဖြုတ်ပြီးတော့ ဂဏန်းတွေချည်းပဲ ထည့်ပေးပါ။ တခါတလေဆိုရင် State တို့ ရွေးတဲ့နေရာ LA ဆိုပြီးရွေးခဲ့ရတယ်ဆိုရင်တော့ ဂဏန်းတွေချည်းပဲထည့်ရဖို့ ပိုများပါတယ်။ နည်းနည်းပြောင်းပြီး ထည့်ကြည့်လိုက်ပါ။ အဆင်ပြေပါလိမ့်မယ်။) တခါတလေ အကောင့်ဖောက်တဲ့အခါမှာ ဖုန်းနံပါတ်တောင်း တတ်ပါတယ်။ အဲဒါဆိုရင် သူ့မှာ ပါတဲ့ ဖုန်းနံပါတ်ကို ထည့်ပေးလို့ ရပါတယ်။

မှတ်ချက်။ ။ Paypal တို့လို အကောင့်ဖောက်တဲ့အခါ အဲဒီမှာ ထုတ်ပေးထားတဲ့ Visa ကဒ်နံပါတ်တွေကို ထည့်ပြီးတော့ Verify လုပ်လို့ မရပါဘူး။

Payza မှာ အွန်လိုင်းဘဏ်အကောင့်ဖွင့်ရအောင်

AlertPay နဲ့ Payza က အတူတူပါပဲ။ နောက်ပိုင်းမှာ AlertPay ကနေ Payza ဆိုပြီး ပြောင်းသွားတာပါ။

၁။ အရင်ဆုံး Payza ကို အရင်သွားလိုက်ပါ။ Sign Up Now ကိုနှိပ်လိုက်ပါ။


၂။ Select your country မှာ ကိုယ်ကြိုက်တဲ့ နိုင်ငံတစ်ခုခုကို ရွေးပေးပါ။ မြန်မာနိုင်ငံတော့ မပါသေးပါဘူး။

Payza ကို မြန်မာကနေ အသုံးပြုမယ်ဆိုရင် အိုင်ပီချိန်းဖို့အတွက် Prxoy ဆော့ဝဲတစ်ခုခု (ဥပမာ Yourfreedom, Hotsopt Shield, Ultrasurf) တစ်ခုခုကို သုံးပြီး အသုံးပြုမှ အဆင်ပြေပါလိမ့်မယ်။
Yourfreeddom သုံးနည်းကို ဒီမှာ ရေးပေးထားပါတယ်။


၃။ ပြီးရင် ကိုယ်ကြိုက်တဲ့ အကောင့်အမျိုးအစားတစ်မျိုးကို ရွေးပေးပါ။ ကျွန်တော်ကတော့ Starter ကိုပဲ ရွေးလိုက်ပါတယ်။ သူတို့ရဲ့ ကွာခြားချက်တွေက

Starter- ကိုယ့်သူငယ်ချင်း အချင်းချင်း၊ မိသားစုဝင် အချင်းချင်းကြားမှာ ငွေလွှဲငွေပို့လို့အတွက် အဆင်ပြေပါတယ်။ တစ်လကို $400 အထိပဲ လက်ခံလို့ရပါတယ်။ တစ်နှစ်လုံးမှာဆိုရင်တော့ $2000 အထိပဲ ငွေလက်ခံလို့ ရပါတယ်။ အဲဒါတွေထက် ပိုသွားခဲ့ရင် Personal အကောင့်ကို အော်တို upgrade လုပ်သွားမှာပါ။

Personal- သူ့မှာတော့ ငွေလက်ခံတာအတွက် ကန့်သတ်ချက်မရှိပါဘူး။ ဒါပေမယ့် ငွေလက်ခံမယ်ဆိုရင် fee က 2.5%+$0.25 ရှိပါတယ်။

Business- သူကတော့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ အတွက်ပါ။
(နောက်ပိုင်းမှ ကိုယ့်အကောင့်ကို ကိုယ်တိုင် upgrade ဒါမှမဟုတ် downgrade ပြန်လုပ်လို့ ရပါတယ်)

ကျွန်တော်က ဥပမာ အနေနဲ့ United States ကို ရွေးလိုက်ပါတယ်။ အဲဒါဆိုရင် နောက် page တစ်ခုတက်လာပါလိမ့်မယ်။

ကျွန်တော်ကတော့ United States အတွက်ကို Fake Name generator သုံးပြီး လိပ်စာတွေကို အရင်ရှာထားလိုက်ပါတယ်။ Fake Name generator ကို ဒီမှာ ရေးထားပြီးပါပြီ။ မသေချာရင် ပြန်ဖတ်ကြည့်လိုက်ပါ။ အောက်ကပုံပါ။ ကျွန်တော်တို့ လိုချင်တဲ့ လိပ်စာနဲ့ Postal code ကို ရပါပြီ။



Salutation: Mr. လား Mrs. လားဆိုတာရွေးပေးပါ။

First Name: နာမည်ရှေ့ပိုင်းကို နောက်ဆုံးအလုံးချန်ပြီး ဖြည့်ပေးပါ။

Last Name: နာမည်နောက်ဆုံးအလုံးကို ဖြည့်ပေးပါ။

Address Line 1: Fake Name generator ရတဲ့ လိပ်စာ(အခု ဒီမှာတော့ 895 Willow Oaks Lane) ဆိုပြီး မြို့နာမည်ချန်ပြီး ဖြည့်လိုက်ပါ။

Address Line 2 (optional): ဘာမှမဖြည့်ဘဲထားလို့ ရပါတယ်။

City: Fake Name generator ရတဲ့ (အခုဒီမှာတော့ Lafayette) မြို့နာမည်ကို ဖြည့်ပေးပါ။ လိပ်စာက အရေးကြီးလားဆိုတော့ မကြီးပါဘူး။ ခင်ဗျားကို တကယ်ဘယ်သူမှ လိုက်မရှာပါဘူး။ ဒါပေမယ့် ငွေကို Payza ကနေ ပေးချေတဲ့အခါ လောက်မလောက်ကို သေချာတွက်ပြီးမှ ပေးချေပါ။ တကယ်လို့ ငွေချေတာမလောက်လို့ ပြသနာပေါ်ရင်တော့ အကောင့်ကို Limited လုပ်ပြီးတော့ Passport တောင်းတတ်ပါတယ်။ အဲဒါလေးတစ်ခုပဲ သတိထားပေးပါ။

State: State ကိုရွေးပေးရတော့မယ်။ (အခုဒီမှာတော့ Lafayette) မြို့က ဘယ် State မှာရှိတာလဲပေါ့။ မသိရင် google ကနေရှာလိုက်ပေါ့။ Google ကပြောတာကတော့ New York တဲ့။ အောက်မှာ ပြထားပါတယ်။

Zip Code: Postal code ကိုပဲပြောတာပါ။ Fake Name generator က ရတာကို ဖြည့်လိုက်ပါ။ အခုဆိုရင်တော့ LA 70501 ပေါ့။ (တချို့ဆိုဒ်တွေမှာ ရှေ့က LA ကို ထည့်ပေးစရာမလိုပါဘူး။ ဂဏန်းတွေ ချည်းပဲ ထည့်ပေးရတာမျိုးရှိပါတယ်။ တကယ်လို့ zip code ကိုမှားတယ်ပြောရင် နည်းနည်းပြောင်းပြီး ထည့်ပေးပါ။ အဆင်ပြေပါလိမ့်မယ်။)

Country: နိုင်ငံနေရာမှာတော့ ဖြည့်ပြီးသားဖြစ်နေပါလိမ့်မယ်။ မဖြည့်ရသေးရင် ကျွန်တော့်တို့ အစတုန်းက ရွေးခဲ့တာကို ရွေးပေးပါ။

Citizenship: နိုင်ငံသားကို ပြောတာပါ။ ကံကောင်းထောင့်မစွာနဲ့ပဲ Burma ပါပါတယ်။ ရွေးပေးလိုက်ပါ။

Home Phone: Fake Name generator က ရတဲ့ဖုန်းနံပါတ်ကိုပဲ ထည့်ပေးလိုက်ပါ။

Job Category: အလုပ်အကိုင် တစ်ခုကို ရွေးပေးလိုက်ပါ။

Other: အလုပ်အကိုင် တစ်ခုကို ရွေးပေးပါ။

Date of Birth: ဒါကတော့ မွေးလ မွေးရက် မွေးနှစ် ကိုဖြည့်ရမယ့် နေရာပါ။

အဲဒါတွေ ပြီးရင် Next step ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်တော့ အောက်က ပုံမျိုးပေါ်လာပါမယ်။


E-mail address: Payza အတွက် အသုံးပြုမယ့် ကိုယ်ရဲ့ အီးမေးလိပ်စာကို ထည့်ပေးပါ။

Password: Payza အတွက် ပက်ဝက်ကို ထည့်ပေးပါ။

Re-enter Password: အပေါ်က ထည့်ပေးခဲ့တဲ့ ပက်ဝက်ကိုပဲ ပြန်ထည့်ပေးပါ။

Transaction PIN: သူကတော့ အရေးကြီးပါတယ်။ ငွေလွှဲတဲ့အခါတိုင်း ကျွန်တော်တို့ကို မေးမှာပါ။ အမြဲမှတ်မိနေမယ့် ဂဏန်းကိုထည့်ပေးပါ။

Re-enter Transaction PIN: အပေါ်ကထည့်ခဲ့တဲ့ ဂဏန်းကို ပြန်ထည့်ပေးပါ။

Security Question: ပက်ဝက်မေ့သွားခဲ့လို့ရင် ပြန်တောင်းတဲ့အခါမှာ မေးမယ့် မေးခွန်းကို ရွေးပေးပါ။

Answer: အပေါ်က မေးခွန်းရဲ့အဖြေပါ။ ကိုယ်ကြိုက်တာဖြည့်ထားလို့ ရပါတယ်။ ဒါပေမယ့် မှတ်မိရပါမယ်။

Third Party information: ဒီမှာတော့ No ကိုပဲ ရွေးပေးလိုက်ပါ။

Word Verification: အပေါ်က သူပေးထားတဲ့ စာသားကို ပြန်ရိုက်ထည့်လိုက်ပါ။

Check: You acknowledge that မှာ ကလစ်ပြီး အမှန်ခြစ်ပေးလိုက်ပါ။

ပြီးရင် Final step ကို ကလစ်ပေးလိုက်ပါ။ ကျွန်တော်တို့ဆီကို Payza ကနေ့ အီးမေးပို့လိုက်တယ် ဆိုတဲ့ page တက်လာပါလိမ့်မယ်။


ကျွန်တော်တို့ရဲ့ အီးမေးထဲကို သွားလိုက်ပါ။ Payza ကနေ ပို့ထားတဲ့ အီးမေးကို ဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံမှာ မြှားပြထားတဲ့လင့်ကို ကလစ်လိုက်ပါ။


အောက်ကလို ပုံမျိုး တက်လာပါလိမ့်မယ်။ ဘာမှမရှိသေးတဲ့ ကျွန်တော်ရဲ့ Payza အကောင့်ပုံပါ။


အပေါ်ကလို ပုံမျိုးတက်လာပြီဆိုရင်တော့ အွန်လိုင်းဘဏ်အကောင့်လုပ်လို့ အောင်မြင်စွာနဲ့ ပြီးသွားပါပြီ။ လုပ်ရတာလွယ်သလောက် အရမ်းလည်း စိတ်ချရပါတယ်။ ငွေလွှဲတာ၊ ငွေပေးချေတာတွေကို ကျွန်တော်တို့ရဲ့ အီးမေးလိပ်စာလေး တစ်ခုတည်းနဲ့ပဲ အလုပ်လုပ်သွားမှာပါ။ တကယ်လို့ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော့်ဆီကို မေးလို့ ရပါတယ်။ ကျွန်တော်သိသလောက် ပြန်ဖြေပေးသွားပါ့မယ်။
အကောင့်က Verify တော့ မလုပ်ရသေးပါဘူး။ Verify လုပ်ပြီးတယ်ဆိုတာက ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Payment card ဒါမှမဟုတ် ဘဏ်အကောင့် တစ်ခုခုနဲ့ ချိတ်ထားပြီးတာကို ပြောတာပါ။ 
(ဘဏ်အကောင့် ဒါမှမဟုတ် Payment card ရှိတဲ့သူတွေအတွက် Verify ဘယ်လိုလုပ်တယ်ဆိုတာကို နောက်မှာ ထပ်ရေးပါမယ်။)
ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Verify မလုပ်ရသေးပေမယ့်
၁။ PTC ဆိုဒ်တွေထဲက ငွေကို ကျွန်တော်တို့ရဲ့ Payza အကောင့်ထဲကို လွှဲလို့ရပါတယ်။
၂။ Payza အကောင့်ထဲမှာ ရောက်နေတဲ့ငွေကို အခြားသူတစ်ယောက်ရဲ့ Payza အကောင့်ထဲကို လှမ်းလွှဲလို့ ရပါတယ်။
၃။ အခြားသူတစ်ယောက်ကနေ ကျွန်တော်တို့ရဲ့ Payza အကောင့်ထဲကို လှမ်းပြီးလွှဲမယ်ဆိုရင် လက်ခံလို့ ရပါတယ်။
ကျွန်တော်တို့ရဲ့ Payza အကောင့်ကို Verify လုပ်မထားတဲ့အတွက်
၁။ Payza အကောင့်မှာ ဘဏ်အကောင့်နဲ့ ချိတ်မထားသေးတဲ့အတွက် ဘဏ်ဆီကို ငွေပို့ပြီး ငွေသားအဖြစ် ထုတ်ယူလို့ မရသေးပါဘူး။ 
ဖြေရှင်းရန်။     ။ အခြားချိတ်ထားပြီးသားသူဆီကို လှမ်းလွှဲပြီးတော့ အကူအညီတောင်းလို့ ရပါတယ်။
၂။ ကိုယ့် Payza အကောင့်ထဲမှာ ငွေရှိတယ်ဆိုရင်တော့ အခြားကနေ ကိုယ်ကြိုက်တာကို အွန်လိုင်းကနေ ၀ယ်ယူနိုင်ပါတယ်။ ဒါပေမယ့် Verify လုပ်မထား (ဘဏ်အကောင့် ဒါမှမဟုတ် Payment card နဲ့လည်း ချိတ်မထား)တဲ့အတွက် Payza အကောင့်ထဲမှာ ငွေမရှိဘူးဆိုရင်တော့  အွန်လိုင်းကနေ ၀ယ်လို့ မရနိုင်ပါဘူး။ 
ဖြေရှင်းရန်။     ။ အခြားသူရဲ့ Payza အကောင့်ထဲကနေ ကိုယ့်အကောင့်ထဲကို ငွေလွှဲခိုင်းပြီးတော့ ၀ယ်ယူလို့ ရပါတယ်။
Ref

Buxemails : Low $0.05 Payment Through Your Verified Paypal Account


http://adf.ly/ZGXhP



 Buxemails နဲ့ ငွေရှာ ချင်ရင် ဒီနေရာက နေ join ပါ

  • ဆိုဒ် အမျိုးအစားကတော့ PTS ( Paid To Subscribe) ဖြစ်ပါတယ်.
  • ဆိုဒ် ရဲ့ ပိုင်ရှင် ကတော့ Mexico မှ Donald Vasquez ဆိုသူ ဖြစ်ပါတယ်
  • ဆိုဒ်ရဲ့ သက်တမ်း က အခု ပို့စ်စတင် တဲ့ အချိန်က ဆိုရင် 2 လလောက်ပဲ ရှိသေးတဲ့ ဆိုဒ် အသစ်တခုပါ
  • ဆိုဒ်ရဲ့ minimum cashout က $0.07 ပါ.
  • ဆိုဒ်ရဲ့ Payment method က Paypal ပါ. ဒါပေမဲ့ သတိထားရမှာက Verified Paypal Account ကိုပဲပေးပါတယ်.
  • ဆိုဒ်ရဲ့ TOS အရ ဆိုဒ်ကို 45 ရက်အထိ တကြိမ်မှ Log In မ၀င်သူများဟာ မိမိရဲ့ အကောင့်ကို အဖျက်ခံရမှာဖြစ်ပါတယ်
  • Country Restriction မရှိတဲ့ အတွက် မည့်သည့် နိုင်ငံက မဆို ၀င်ရောက် ငွေရှာလို့ရပါတယ်.
Buxemails ဟာ ဆိုဒ်အသစ် တခု ဖြစ်ပေမဲ့ သူရဲ့ Admin ဟာ အခု လည်ပတ်မှု့ အား ကောင်းမွန်တဲ့ Gosignups ဆိုတဲ့ 1 နှစ် သက်တမ်းကျော်ပြီ ဖြစ်သော အွန်လိုင်းငွေရှာတဲ့ ဆိုဒ် ကို ဖွင့်လှစ် ထားသူ ဖြစ်သောကြောင့် ယုံကြည့်လိုရတဲ့ ဆိုဒ်တခု လို့ ပြောရရင် မမှားပါဘူး. ဒီဆိုဒ်ရဲ့ အားနည်ချက် ကတော့ DR system မရှိခြင်းပါပဲ. ဒါကြောင့် မိမိလုပ်သလောက်ပဲ မိမိရမှာ ဖြစ်ပါတယ်.
           ဆိုဒ်ကို အသုံးပြုပြီး ငွေရှာတဲ့ ပုံစံကတော့ ရိုးရှင်းသလို အချိန်လဲ မကုန်ပါဘူး. မိမိအနေနဲ့ ဆိုဒ်ကို join ပြီးလျင် ဆိုဒ်ကို login ၀င်ကာ သူပေးထားတဲ့ link တွေ ကို subscribe လုပ်ရုံပါပဲ. link တခု စာ အတွက် $0.03 ပေးပါတယ်.
           တခုဆိုးတာက Registered လုပ်မဲ့ မေးလ် ဟာ မိမိရဲ့ Paypal Verified Email ဖြစ်တာ ကြောင့် subscribe လုပ်ထားတဲ့ မေးလ်တွေက လည်း သင်ရဲ့ Paypal Verified Email ကိုပဲ ပို့ပေးမှာဖြစ်ပါတယ်. ဒါကြောင့် မိမိရဲ့ email မှာ ကိုယ်မလို ချင်တဲ့ spam mail တွေ တက်လာနိုင်ပါတယ်.
            သူရဲ့ minimum cashout က $0.07 ဖြစ်ပါတယ်. ကိုယ့်ရဲ့ minimum cashout ရောက်သွားပြီဆိုရင် ကိုယ်က ငွေထုတ် စရာမလို့ပဲ သူက တနလာင်္နေ့တိုင်းမှာ ကိုယ့်ရဲ့ balance total ထဲကနေ Fee $0.02 နုတ်ပြီး ကျန်တဲ့ amount ကို မိမိရဲ့ Paypal ထဲကို automatically ပို့ပေးမှာ ဖြစ်ပါတယ်.
Buxemailsမှာသင့်တခြားဆိုဒ်တွေလို ငွေအများကြီးရှာလို့ရမှာမဟုတ်ပေမဲ့တကယ်ကောင်းမွန်တဲ့ဆိုဒ်တခုပါပဲ.

Buxemails နဲ့ ငွေရှာ ချင်ရင် ဒီနေရာက နေ join ပါ
 
 
http://adf.ly/ZGXhP

Forum ဖြည့်ပါ activation email တစ်စောင်ပို့ပါလိမ့်မယ် confirm ကိုနှိပ်ပါ


login ၀င်ဖို့ ID နဲ့ Password ပေးပါလိမ့်မယ် login ၀င်လိုက်ပါ



earn subscribe တွင်ဝင်ပြီး ငွေရှာဖွေနိုင်ပါပြီ။