Pages

Thursday, October 24, 2013

PTC site bookmark လေးလုပ်ထားမယ်

PTC site တွေနဲ့ အွန်လိုင်းငွေရှာသူတွေအတွက် site လိပ်စာတွေမေ့မှာမပူရအောင် bookmark လုပ်နည်းလေးပြောပြပါမယ်။ သိပြီးသားသူတွေအတွက်တော့ အလွယ်လေးတွေကို အချိန်ကုန်ခံပြီး ရေးတယ်လို့ ထင်စရာပါပဲ။ ကျွန်တော်ကတော့ ဘာမှ မသိသေးသူတွေအတွက် အချိန်ကုန်ခံပြီးရေးတာပါ။ ဒီဘလော့မလုပ်ခင်ကလဲ အခက်ခဲလေးတွေကို viber , gtalk , facebook တို့ကနေ ဖြေရှင်းပေးနေခဲ့တာပါ။ လုပ်တတ်သွားပြီ ကျေးဇူးတင်ပါတယ် အဲဒီစကားသံတွေပြန်ကြားရတာနဲ့တင် ၀မ်းအသာကြီး ၀မ်းသာလှပါပြီ။ အဲလိုကူညီပေးလို့ ဘာပြန်ရလဲမမေးပါနဲ့ ဘာမှ ပြန်မရပါဘူး။ ကျွန်တော်တစ်ခါကူညီပေးလိုက်တဲ့သူက သူ့ပတ်ဝန်ကျင်မှာ အလားတူအခက်အခဲတွေဖြစ်လာခဲ့ရင် သေချာပေါက်သူလဲ ပြန်ကူညီပါလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော်ကူညီရကျိုးနပ်ပါပြီ။

လေကြောရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။ ပြန်ဆပ်မယ်

 ကျွန်တော်တို့တွေ အင်တာနက်သုံးတဲ့ အခါ ဆိုက်လိပ်စာတွေကို ရိုက်ထည့်ပြီး ၀င်ကြတာများပါတယ်။ gmail , facebook, google, စသဖြင့် ကိုယ်အမြဲသုံးနေတဲ့ လိပ်စာတွေကို အလွတ်ရနေကြပါပြီ။ ဒါပေမယ့် PTC ဆိုက်တွေကိုတော့ အားလုံးမှတ်မိတယ်ဆိုရင်တောင် အဲဒီဆိုက်တွေကို ရိုက်ထည့်ဖို့ အချိန် ထပ်ပေးနေရမှာသေချာပါတယ်။ အဲဒီအချိန်တွေ သက်သာသွားအောင် bookmark လေး လုပ်ထားလိုက်မယ်ဗျာ new tab လေးခေါ်ပြီး ကိုယ်ဝင်ချင်တဲ့ ဆိုက်icon ပေါ်နှိပ် username and password လေးရိုက် ကြော်ငြာကြည့် ဘယ်လောက်သက်သာလိုက်လဲ ဘယ်ဆိုက် မ၀င်ရသေးဘူးလဲ စဉ်စားစရာမလိုတော့ဘူး။ ဆိုက်တွေကို တစ်ခုချင်းစီ တန်းစီနှိပ်သွားရုံပဲ။

ပြုလုပ်ပုံက ဒီလိုပါ bookmarks Toolbar bar တင်ဖို့ menu bar ဖွင့်ထားတယ်ဆိုရင် အောက်ပါပုံအတိုင်း View > bookmarks Toolbar အမှန်ခြစ်ရှိ မရှိစစ်ဆေးပါ။ မရှိရင် တပ်လိုက်ပါ။

menu bar ဖွင့်မထားဘူးဆိုရင်တော့ အောက်ပုံအတိုင်းလိုက်လုက်လိုက်ပါ။
အဲဒါဆိုရင် bookmark bar မှာ PTC site တွေတင်ဖို့ probux ကို နမူနာတင်ပြသွားပါမယ်
ww.probux.com ကိုရိုက်လိုက်ပါတယ်။ login ကိုထပ်နှိပ်ပါတယ်။ နောက်တစ်ခါဖွင့်ရင် ဒီအခြေအနေအတိုင်း တန်းပြီး မြင်ရအောင်လို့ပါ။ အနီဝိုင်းပြထားတဲ့နေရာလေးမှာ နှစ်ချက်နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း မြင်ရပါမယ် Folder မှာ bookmarks Toolber ကိုရွေးပေးပါ။

Done ကိုနှိပ်လိုက်ပါ bookmark လုပ်တာပြီးသွားပါပြီ။
 bookmarks Toolber ပေါ်မှာ Probux ကိုအခုလိုလေးတွေ့ရပါမယ်။ နောက်တစ်ခါဖွင့်ချင် အဲဒီနေရာလေးမှာ တစ်ချက်နှိပ်လိုက်တာနဲ့ probux ရဲ့ lobin နေရာကို တန်းရောက်သွားမှာပါ။ ကျန်တဲ့ ဆိုက်တွေကိုလဲ အခုလိုလေး လုပ်ထားလိုက်ရင် ဆိုက်တွေမေ့တာတွေလျှော့ကျပြီး အတန်အသင့် အချိန်ကုန်သက်သာသွားမှာပါ။

No comments:

Post a Comment