Pages

Thursday, October 24, 2013

သိထားသင့်တဲ့ PTC စည်းကမ်းချက်များ



PTC website တိုင်းမှာ သူသတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ အဲဒါတွေကို မလိုက်နာခဲ့ဘူးဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရင် ကိုယ့်အကောင့်ကို ပိတ်ပစ်သည်အထိ အရေးယူခံရနိုင်ပါတယ်။

၁။ ကွန်ပြူတာတစ်လုံးကို အကောင့်တစ်ခုနှုန်းပဲ သုံးခွင့်ရှိပါတယ်။

၂။ ကျောင်း(သို့)ရုံး(သို့) အင်တာနက်ကဖေးဆိုင်တွေမှာ အသုံးပြုခြင်းကို မပြုလုပ်ဖို့ တားမြစ်ထားသော်လည်း ကိုယ်သုံးမယ့် အဲဒီကွန်ပြူတာမှာ Account ဖွင့်မထားဘူးဆိုရင်တော့ အသုံးပြုလို့ရပါတယ်။

၃။ IP address ပြောင်းသွားတာကိုတော့ လက်သင့်ခံပါတယ်။ နိုင်ငံခြားမှာ အကောင့်လုပ်ပြီးတော့ မြန်မာကို ပြန်ရောက်သွားရင်လဲ အဲဒီဆိုဒ်ကို ဆက်ပြီးတော့ အသုံးပြုနိုင်၊ အလုပ်လုပ်နိုင်ပါတယ်။

၎။ အလိုအလျောက်နှိပ်ပေးတဲ့ Bot စနစ်တွေကို အသုံးပြုခွင့် မပေးပါဘူး။ (စည်းကမ်းချက်မှာ မောက်စ် နဲ့ ကိုယ်တိုင်နှိပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ တချို့ဆိုဒ်တွေမှာ Bot သုံးမသုံးဆိုတာကို သိဖို့အတွက် မနှိပ်ရမယ့်ကြော်ငြာတွေ ထည့်သွင်းထားတတ်ပါတယ်။ အဲဒီကြော်ငြာကို သွားနှိပ်မိမယ်ဆိုရင် မိမိအကောင့်ထဲမှာရှိတဲ့ ငွေအားလုံးကို 0.001$ အထိလျော့ချပစ်လိုက်တာမျိုး ရှိပါတယ်။)

၅။ ဖုန်းကနေ အသုံးပြုခြင်းကိုလည်း တားမြစ်ထားပါတယ်။ (စည်းကမ်းချက်မှာ မောက်စ် နဲ့ ကိုယ်တိုင်နှိပ်ရမယ်လို့ သတ်မှတ်ထားပါတယ်။)

၆။ တချို့ PTC ဆိုဒ်တွေမှာ (ဥပမာဆိုရင် နာမည်ကြီးတဲ့ Neobux) Paypal အကောင့်တစ်ခုတည်းကို မျှပြီးတော့ နှစ်ခါထည့်ပေးမယ်ဆိုရင် မရပါဘူး။

၇။  ဒီအချက်ကတော့ PTC ဆိုဒ်နဲ့ သိပ်မဆိုင်ပါဘူး။ Paypal နဲ့ပဲ ပိုပြီးဆိုင်တာပါ။ Paypal အကောင့်မှာ Payment card ကဒ် တစ်ကဒ်တည်း (Paypal အကောင့်တစ်ခုမှာ ချိတ်ထားပြီးသားကဒ်တစ်ခု)ကို အခြားအကောင့်မှာပဲဖြစ်ဖြစ် ထပ်ထည့်တာမျိုး နှစ်ခါထည့်ခွင့် မရှိပါဘူး။ အကောင့်ကို Limited လုပ်ခံရပါလိမ့်မယ်။ Limited လုပ်ခံရရင်တော့ ပြန်ပြီးရဖို့အတွက် Passport တွေ တောင်းတတ်ပါတယ်။ မြန်မာကနေဆိုရင် Paypal အကောင့်ကို အသစ်ပြန်လုပ်တာက ပိုပြီး အဆင်ပြေပါမယ်။ ပြီးရင်တော့ အဲဒီကဒ်ကို ပြန်ပြီးမချိတ်မိပါစေနဲ့။ ကဒ်အသစ်နဲ့ပဲ ပြန်ပြီးချိတ်မှ အဆင်ပြေပါလိမ့်မယ်။
(သူကသတ်မှတ်တာက အခြားတစ်ယောက်က ကိုယ့်ကဒ်ကို ကောက်ရလို့ အခြား Paypal အကောင့်မှာ ထည့်တယ်ဆိုပြီး ယူဆပါလိမ့်မယ်။)

No comments:

Post a Comment