Pages

Saturday, October 26, 2013

မြန်မာမှာ အဖြစ်အများဆုံး ပြဿနာ

Another user with my IP address has already seen the advertisement in the last 24 hours 

ဒီပြသနာကတော့ ဖြစ်တာအများဆုံးထင်ပါတယ်။ PTC ဆိုဒ်တွေက IP address တစ်ခုကို အကောင့်တစ်ခုနှုန်းပဲ အသုံးပြုခွင့်ပေးပါတယ်။ ကြော်ငြာတွေကို ကြည့်ခွင့်ပေးတဲ့အခါမှာ IP address တစ်ခုအတွက် ၂၄ နာရီအတွင်းမှာ အကောင့်တစ်ခုကိုပဲ ကြည့်ခွင့်ပေးပါတယ်။

တကယ်လို့ တစ်ယောက်ယောက်က IP တစ်ခုကနေ ကြော်ငြာတွေ ကြည့်ပြီးသွားပြီဆိုပါစို့။ အဲဒီ အရင်လူကြည့်ခဲ့တဲ့ IP လိပ်စာကပဲ နောက်ထပ်အကောင့်တစ်ခုက ကြော်ငြာလာကြည့်မယ်ဆိုရင် ဒီ IP လိပ်စာက ကြော်ငြာတွေကို ကြည့်ပြီးသွားပြီဆိုတဲ့ Message တက်လာတာပါ။

ဒီပြသနာက ဘယ်လိုအခါမျိုးတွေမှာ ဖြစ်တတ်သလဲဆိုရင်

၁။ ကျွန်တော်တို့ရဲ့ ISP(Internet Service Provider) က Proxy ကို သုံးပြီးတော့ အင်တာနက်သုံးတဲ့သူတွေကို IP address တစ်ခုတည်းကိုပဲ ရှယ်ယာသဘောမျိုး ပေးထားတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

၂။ နောက်တစ်ခုက ကျွန်တော်တို့က အင်တာနက်အသုံးပြုတဲ့အခါမှာ shared network ကို သုံးတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုနေရာတွေမှာလဲဆိုရင် ကျောင်းတို့၊ ရုံးတို့၊ အင်တာနက်ဆိုင်တို့မှာ အသုံးပြုတာဖြစ်ပါတယ်။ ဥပမာဆိုရင် အင်တာနက်ဆိုင်မှာ ဆိုပါစို့။ သူက ISP ကနေ IP လိပ်စာတစ်ခုနဲ့ အင်တာနက်ကို ယူထားပါတယ်။ ပြီးရင် သူက သူ့ဆိုင်မှာ ပြန်ပြီးတော့ Share လုပ်ပေးထားပါ။ အဲဒီလိုနေရာတွေမှာ ရှိတဲ့ ကွန်ပြူတာတွေ အားလုံးက IP လိပ်စာ အတူတူဖြစ်နေမှာပါ။

၃။ နောက်ဆုံးတစ်ခုကတော့ ကျွန်တော်တို့က wireless network ကို အသုံးပြုတဲ့အခါမှာ Password ကို အသုံးမပြုဘဲထားတဲ့အတွက် အခြားတစ်ယောက်ယောက်က ၀င်ပြီး အသုံးပြုနေတဲ့အတွက် ဖြစ်နိုင်ပါတယ်။


ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်သလဲဆိုရင်

၁။ ကျောင်းတို့၊ ရုံးတို့၊ အင်တာနက်ဆိုင်တို့မှာ အသုံးပြုတဲ့သူတွေဆိုရင် ကိုယ်ပိုင်အင်တာနက်လိုင်းတစ်လိုင်း သီးသန့်ယူမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါပေမယ့် အဲဒါက ကုန်ကျစရိတ်တော့ များပါတယ်။

၂။ ကိုယ်ရဲ့ wireless network ကို အခြားသူအသုံးပြုလို့ မရအောင် လုံလုံခြုံခြုံဖြစ်အောင် လုပ်ထားဖို့ လိုပါလိမ့်မယ်။

၃။ အင်တာနက်ဆိုင်တွေမှာ ကလစ်တဲ့သူတွေဆိုရင် သူများထက်စောအောင်သွားပြီး ကိုယ်က အရင်ဦးအောင် ကြော်ငြာတွေကို ကလစ်ဖို့လိုပါတယ်။ အဲဒါနည်းကတော့ ကိုယ့်အတွက် အရေးကြီးတဲ့အလုပ်ရှိရင်တော့ အလုပ်ပျက်နိုင်ပါတယ်။

၎။ တခါတလေမှာတော့ Modern တို့၊ Router တို့ကို တစ်မိနစ်လောက်ပိတ်ထားပြီးတော့ ပြန်ဖွင့်ပြီး ပြန်စမ်းကြည့်နိုင်ပါတယ်။ www.whatismyip.com မှာ ကိုယ်ရဲ့ IP လိပ်စာကို ၀င်ကြည့်လို့ ရပါတယ်။ အိုင်ပီလိပ်စာအသစ် ပြောင်းသွားတယ်ဆိုရင် ၀င်ပြီးတော့ ကြော်ငြာတွေကို ကြည့်လို့ အဆင်ပြေပါတယ်။

၅။ Prxoy ဆော့ဝဲတွေကို သုံးမယ်ဆိုရင်တော့ IP လိပ်စာကို ပြောင်းလဲပြီး ကြော်ငြာတွေကို အဆင်ပြေပြေ ကြည့်လို ရနိုင်ပါတယ်။ ဒါပေမယ့် PTC ဆိုဒ်တွေက အဲလိုအသုံးပြုပြီး ကြော်ငြာတွေကို ကြည့်တာကို ခွင့်ပြုမထားပါဘူး။ ကိုယ့်အကောင့်ကို ၀င်ပြီးတော့ ကလစ်အရေအတွက် ကြည့်တာတို့၊ Refer ငှားတာတို့၊ သက်တမ်းတိုးတာတို့ စသည်ဖြင့် Manage လုပ်တာကိုပဲ ခွင့်ပြုထားပါတယ်။

ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် တစ်လလောက် စမ်းကြည့်ပြီးမှ ဒီပို့စ်ကို ပြန်ဆက်ရေးလိုက်တာပါ။ ကျွန်တော်ကိုယ်တိုင် အင်တာနက်လိုင်းက နှစ်လိုင်းယူထားပါတယ်။ တစ်လိုင်းက အဆောင်ကနေပေးထားတဲ့ ဈေးနည်းနည်းသက်သာတဲ့ အင်တာနက်တစ်လိုင်းနဲ့ နောက်တစ်လိုင်းကတော့ ကျွန်တော့်အတွက် သီးသန့်ပြန်ယူလျှောက်ယူထားတဲ့ လိုင်းတစ်လိုင်းပါ။ သီးသန့်အင်တာနက်လိုင်းမှာတော့ ကျွန်တော်တစ်ယောက်တည်း ကြော်ငြာကြည့်တာ ဖြစ်တဲ့အတွက် အိုင်ပီတူစရာ အကြောင်းမရှိပါဘူး။

ဒါပေမယ့် အဆောင်ကနေ ယူထားတဲ့လိုင်းမှာတော့ ကျွန်တော့်လိုပဲ ကြော်ငြာကြည့်တဲ့သူ ရှိပါတယ်။ အမြဲတမ်းလိုလို အိုင်ပီအတူတူနဲ့ ကြည့်သွားပြီးပြီဆိုတဲ့ Message ကို တွေ့ရပါတယ်။ ကျွန်တော့်မှာ အပိုရှိနေတဲ့ Netbook ကွန်ပြူတာမှာ Proxy ဆော့ဝဲတွေကို သုံးပြီး အကောင့်အသစ်လုပ်ပြီး စမ်းကြည့်တာပါ။

ကျွန်တော်ကိုယ်တိုင် အဓိကသုံးတဲ့ စက်နဲ့တော့ မစမ်းရဲပါဘူး။ ငွေထည့်ပြီး ကြော်ငြာကြည့်နေတဲ့ အကောင့်ကို သုံးနေတာဖြစ်တဲ့အတွက် ဘမ်းခံရရင် မသက်သာပါဘူး။

အဲဒီလို စမ်းပြီးတော့ ကြော်ငြာတွေကြည့်တဲ့အခါမှ တွေ့ရတာတွေကတော့

၁။ ကျွန်တော်ကိုယ်တိုင် တစ်လလောက် ဆော့ဝဲသုံးပြီးကြော်ငြာကြည့်တာ ဘာမှ ပြဿနာမရှိပါဘူး။ နေ့တိုင်းလဲ ကြော်ငြာတွေကို အေးအေးဆေးဆေး ကြည့်လို့ အဆင်ပြေပါတယ်။ အကောင့်လဲ အခုချိန်ထိ မဘမ်းခံရသေးပါဘူး။

၂။ အကောင့်တွေ ဘမ်းခံရတယ်ဆိုတာလဲ ကြားရပါတယ်။ ဒါပေမယ့် သူတို့ကို မေးကြည့်လိုက်ရင် ကွန်ပြူတာတစ်လုံးတည်းကနေ အနည်းဆုံး အကောင့်နှစ်ခု လုပ်ထားဘူးတဲ့သူတွေဖြစ်နေတာကို တွေ့ရပါတယ်။ အကောင့်တစ်ခုကို ကွန်ပြူတာတစ်လုံးတည်းနဲ့ပဲ အသုံးပြုတဲ့သူတွေမှာ ဘမ်းခံရတာကို မတွေ့သေးပါဘူး။ ကျွန်တော်ဆိုရင် Netbook မှာလည်း အကောင့်တစ်ခုတည်းပဲ သုံးနေတာ အခုထိ ဘာမှ မဖြစ်သေးပါဘူး။ ကိုယ်ပိုင်စက်မဟုတ်ဘဲ အင်တာနက်ဆိုင်လို လူအများသုံးတဲ့နေရာက စက်မှာ အကောင်လုပ်ဖူးရင်တော့ သေချာမပြောတတ်ပါဘူး။ ကိုယ်ပိုင်စက်မှာပဲ အကောင့်တစ်ခုတည်းလုပ်ပြီး သုံးစေချင်ပါတယ်။

၃။ ကျွန်တော်သုံးခဲ့ဖူးတဲ့ ဆော့ဝဲတွေကို ပြောပြပါမယ်။ အဆင်ပြေတာကို ရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ အခုပြောတဲ့ဆော့ဝဲတွေကို PayPal အသုံးပြုတဲ့အခါမှာလည်း အိုင်ပီချိန်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ PayPal ကိုလည်း မြန်မာကနေ အဆင်ပြေပြေနဲ့ သုံးနိုင်ပါလိမ့်မယ်။

(က) ပထမဆုံးသုံးကြည့်တာက Your-freedom ဆော့ဝဲပါ။ တော်တော်များများလဲ သုံးဖူးမယ်ထင်ပါတယ်။ ဒါပေမယ့် နည်းနည်းအလုပ်ရှုပ်တယ် ထင်ပါတယ်။ တချို့စက်တွေမှာဆိုရင် Run တဲ့အခါ နည်းနည်း အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ သူ့ကိုတော့ ခဏပဲ အသုံးပြုလိုက်ပါတယ်။ အဆင်တော့ ပြေပါတယ်။
သူ့အတွက် အကောင့်ဘယ်လိုလုပ်ရတယ်ဆိုတာကိုတော့ ဒီလင့်မှာ ရေးထားပါတယ်။ ဆော့ဝဲအသုံးပြုပုံကိုတော့ ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။
ဆော့ဝဲကို ဒီလင့်မှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

(ခ) ဒုတိယသုံးကြည့်ဖူးတာက UltraSurf ဆိုတဲ့ဆော့ဝဲပါ။ Your-freedom ထက် ပိုပြီး အဆင်ပြေတယ်လို့ ခံစားရပါတယ်။ တချို့ဆိုဒ်တွေကိုတော့ ၀င်လို့မရတာ ရှိတတ်ပါတယ်။ ကြော်ငြာကြည့်ရတာလဲ အဆင်ပြေပါတယ်။ ဒါပေမယ့် တခါတလေမှာ UltraSurf ကို သုံးထားတာတောင် အိုင်ပီတူတယ်ဆိုပြီး တက်တက်လာဖူးပါတယ်။
UltraSurf အတွက် Setting တွေကိုဘယ်လိုသတ်မှတ်တယ်ဆိုတာကို ဒီလင့်မှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။ ဆော့ဝဲကိုတော့ ဒီလင့်မှာ ဒေါင်းလုပ်လုပ်ယူနိုင်ပါတယ်။

(ဂ)နောက်ဆုံး ကျွန်တော်အကြိုက်ဆုံးကတော့ Hotspot Shield ဆိုတဲ့ဆော့ဝဲပါ။ သူက Free ဗားရှင်းဆိုရင် ကြော်ငြာတွေတော့ ပါပါတယ်။ ဒါပေမယ့် သုံးရတာ တော်တော်အဆင်ပြေပါတယ်။ UltraSurf နဲ့ ကြော်ငြာကြည့်လို့ အိုင်ပီတူတယ်ပြောရင် Hotspot Shield ကိုပြောင်းသုံးလိုက်တာနဲ့ အေးအေးဆေးဆေးကို ကြော်ငြာကြည့်လို့ ရသွားပါတယ်။ အိုင်ပီတူတယ်ဆိုတဲ့ Message ကို မြင်ချင်တာတောင် မမြင်တော့ပါဘူး။ နာမည်အကြီးဆုံးတွေဖြစ်တဲ့ Probux နဲ့ Neobux မှာ ကောင်းကောင်း အလုပ်လုပ်ပါတယ်။
Hotspot Shield အတွက် အသုံးပြုပုံကို ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။ ဆော့ဝဲကိုတော့ ဒီလင့်မှာ ဒေါင်းနိုင်ပါတယ်။

အခြားနောက်ထပ် နောက်ထပ်ဆော့ဝဲတစ်ခုတော့ စမ်းကြည့်နေတာ ရှိပါသေးတယ်။ အဲဒါကိုတော့ သေချာအဆင်ပြေတယ်ဆိုမှ ထပ်ပြီး တင်ပေးပါမယ်။ အခုလောလောဆယ်တော့ အခုပေးထားတာတွေနဲ့တင် အဆင်ပြေမယ်လို့ ထင်ပါတယ်။

Proxy ဆော့ဝဲတွေကို သုံးတယ်ဆိုရင် စက်တစ်လုံးတည်းကနေ အကောင့်နှစ်ခုလုပ်ပြီး ကြည့်မယ်ဆိုလဲ ရပါတယ်။ တချို့တွေက အကောင့်နှစ်ခုထက် ပိုလုပ်ထားပြီး အခြားအကောင့်တွေကို ကိုယ့်ရဲ့ DR အဖြစ်လုပ်ထားပြီး ကြော်ငြာခပိုရအောင် လုပ်တတ်ကြပါတယ်။ အဲလိုတော့ မလုပ်မိအောင် သတိထားပေးပါ။

Ref

1 comment:

  1. The top things about Clixsense GPT Click Program:
    1. $0.001 - $0.02 per click.
    2. 5 secs starting timer.
    3. Repeat every 24 hours.

    ReplyDelete