Pages

Thursday, October 24, 2013

Recycle, AutoRecycle

Recycle ဆိုတာကတော့ ကျွန်တော်တို့ငှားလိုက်တဲ့ Referral ကပုံမှန်အတိုင်း အလုပ်ကို ကောင်းကောင်း မလုပ်ဘူးဆိုရင် အဲဒီ Referral ကို နောက်ထပ်အသစ် Referral နဲ့ လဲလှယ်လိုက်တာကို ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့က 0.007$ လောက် အလိုက်ပေးပြီးမှ လဲရတာပါ။ အသစ်ထပ်ပြီး ၀ယ်ဆိုရင် 0.2$ ပေးရမှာ ဖြစ်တဲ့အတွက် တကယ်ကို အလုပ်မလုပ်ဘူးဆိုရင်တော့ လဲလှယ်ပစ်သင့် ပါတယ်။ ဒါပေမယ့် အချိန်နည်းနည်းပေးပြီး စောင့်ကြည့်သင့်ပါတယ်။

PTC ဆိုဒ်တွေရဲ့ အကြံပေးချက်တွေထဲမှာ Recycle လုပ်တာ များလွန်းရင် ကိုယ့်ငွေထဲ ပါသွားတတ်ပြီးတော့ Recycle လုပ်တာ နည်းလွန်းရင်ကျ ကိုယ့်ဝင်ငွေ ကျသွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် သတိထားပြီး သေချာစဉ်းစားပြီးမှ လုပ်ဖို့ အကြံပေးထားကြပါတယ်။ အဲဒီလို လဲလိုက်လို့ နောက်အသစ်ရောက်တာတဲ့ Referral ကလည်း အလုပ်ကောင်းကောင်းလုပ်မယ်လို့ အာမခံချက် ပေးထားတာ မရှိပါဘူး။

AutoRecycle ဆိုတာကတော့ PTC ဆိုဒ်တိုင်းမှာ မရှိပါဘူး။ သူတို့သတ်မှတ်ထားတဲ့ ရက်အထိ Referral က ကလစ်တစ်ချက်မှ မနှိပ်ဘူးဆိုရင် အဲဒီ Referral ကို အလိုအလျောက် ဘာမှထပ်ပေးစရာ မလိုဘဲ နောက်အသစ်နဲ့ လဲပေးတာပါ။ Neobux, Probux တို့မှာ အဲဒီလို လဲပေးတာရှိပါတယ်။ ပုံမှန် standard member တွေအတွက် စောင့်ရမယ့်ရက်က ၁၄ ရက်ဖြစ်ပါတယ်။ ၁၄ ရက်အထိ အဲဒီ Referral က အလုပ်မလုပ်ဘူးဆိုရင် အော်တိုအသစ်ရောက်လာပါလိမ့်မယ်။


မှတ်ချက်။   ။ တကယ်လို့ Referral ရဲ့ remaining day က ၁၄ ရက်ထက်နည်းပြီး ကျန်တော့တယ် ဆိုရင်တော့ လဲမပေးတော့ပါဘူး။ ကိုယ်တိုင်သာ မြန်မြန် Recycle လုပ်ပစ်လိုက်ပါ။

Renew(or) Extend rental, AutoRenew

Renew (or) Extend rental ဆိုတာက ကျွန်တော်တို့ ငှားထားတဲ့ Referral တွေကို သက်တမ်း ထပ်တိုးတာပါ။ 15 ရက်၊ 30 ရက်၊ 60 ရက်၊ 90 ရက်၊ 180 ရက် စသည်ဖြင့် သက်တမ်းတိုးလို့ ရပါတယ်။ သက်တမ်းတိုးတဲ့ရက် ပိုများလေလေ discount ပိုရလေလေ ဖြစ်ပါတယ်။

AutoRenew ဆိုတာကတော့ PTC ဆိုဒ်တိုင်းမှာ မရှိပါဘူး။ Neobux မှာ ပါပါတယ်။ သူတို့ သက်တမ်းမကုန်ခင် ကိုယ်သတ်မှတ်ထားတဲ့ နေ့ကိုရောက်တာနဲ့ ကိုယ်သတ်မှတ်ထားတဲ့ သက်တမ်းတိုး ကာလ (15 ရက်၊ 30 ရက်၊ 60 ရက်၊ စသည်ဖြင့်) အလိုလို သက်တမ်းတိုးပေးလိုက်မှာပါ။ အဲဒီအတွက်တော့ Rental balance ထဲမှာ ငွေအလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။

အောက်မှာ သက်တမ်းတိုးရက်ပေါ်မူတည်ပြီး discount တွေကို ဖော်ပြထားပါတယ်။ (ဆိုဒ်တစ်ခုနဲ့ တစ်ခုတော့ မတူကြပါဘူး။ ဒါပေမယ့် ဒီပတ်ဝန်းကျင်လောက်ပဲ discount ပေးကြတာပါ။)

Renewing for 15 days: 0%(discount)
Renewing for 30 days: 5%(discount)
Renewing for 60 days: 10%(discount)
Renewing for 90 days: 20%(discount)
Renewing for 150 days: 25%(discount)
Renewing for 240 days: 30%(discount)

ဒီနေရာမှာ ကျွန်တော်နှိုင်းယှဉ်ပြီးပြောချင်တာက AutoPay ကနေ တစ်ရက်ချင်းတိုးတာက 15% discount ရပါတယ်။ 30 ရက် Renew လုပ်တာက 5% ပဲ discount ရပါတယ်။ ကျွန်တော်တို့အနေနဲ့ စစချင်းမှာ ၀င်ငွေအများကြီး မရှိတဲ့အတွက် ရက်အများကြီး သက်တမ်းမတိုးနိုင်ကြပါဘူး။ အဲဒီတော့ တစ်လစာအတွက် Renew လုပ်တာထက် AutoPay ကို သုံးတာက ကိုယ့်အတွက် 10% ပိုပြီးတော့ အမြတ်ထွက်နေပါတယ်။

Expired fee

အဲဒီလို Expired fee တောင်းတာကတော့ PTC ဆိုဒ်တိုင်းမှာ မဟုတ်ပါဘူး။ တချို့ဆိုဒ်တွေက ကျွန်တော်တို့ ငှားထားတဲ့ Referral တွေ ငှားထားတဲ့ သက်တမ်းကျော်သွားပြီး (ထပ်တိုးမငှားလိုက်နိုင်ဘူး) ဆိုရင် ကိုယ်ကနေ Expired fee ထပ်ပေးရပါတယ်။ ကိုယ့်အကောင့်ထဲကနေ ဖြတ်သွားပါတယ်။ Neobux မှာဆိုရင် Expired fee ထပ်ပေးရပါတယ်။ ကိုယ့် Referral တွေ သက်တမ်းကုန်မကုန် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ကြာကြာငှားထားလိုက်ပါ။ အဲလိုပေးဆောင်ရမယ်ဆိုရင် ကိုယ့်အတွက် အလကားနေရင်း အရှုံးဖြစ်ပါတယ်။

Break Even Point (BEP)

BEP ဆိုတာက ကျွန်တော်တို့ရဲ့ Referral တွေ တစ်နေ့ကို ကလစ်အရေအတွက် ဘယ်လောက်နှိပ်ရင် သူတို့ကို ငှားထားတဲ့ ငှားခပြန်ရမလဲဆိုတာ တွက်တာပါ။ BEP မှာ တွက်ရတဲ့ နှုန်းအတိုင်း Referral က ကလစ်နှိပ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရင်းပါပဲ။ လျော့ပြီးတော့ နှိပ်မယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးပေါ်နေပါပြီ။ ပိုပြီးနှိပ်နေမယ်ဆိုရင်တော့ အမြတ်တွေရနေပြီပေါ့။ အဲဒီလို သိနိုင်ဖို့အတွက် BEP ကို တွက်ချက်ကြည့်ရအောင်ပါ။

ကျွန်တော်တို့ Referral ငှားမယ်ဆိုရင် ပထမဆုံးလမှာ တစ်လိုင်းကို 0.2$ ပေးရပါတယ်။ တစ်ရက်ကိုဆိုရင် (0.2$)/(30days)= 0.006667 $/day လောက် နေ့တွက်ပေးပြီးတော့ ငှားထားရတာပါ။ တကယ်လို့ ကျွန်တော်တို့က standard member ပဲရှိသေးတယ်ဆိုရင် Referral ဆီက ကလစ်တစ်ချက်ကို 0.005$ ပဲ ရတာပါ။ အဲဒီတော့ Referral တွေက တစ်နေ့ကို အရင်းပြန်ရဖို့ အတွက် ကလစ်အရေအတွက် (0.006667 $/day)/(0.005 $/click) = 1.333 click/day လောက် ရှိပါမယ်။ အဲဒီတန်ဖိုးဟာ ကျွန်တော်တို့အတွက် BEP တန်ဖိုးပါပဲ။
Referral တွေက တစ်နေ့ကို 1.333 ထက်နည်းပြီးတော့ ကလစ်နေမယ်ဆိုရင် ကျွန်တော်တို့အတွက် အရှုံးဖြစ်နေပါပြီ။ အလုပ်မလုပ်တဲ့ Referral တွေကို သေချာရှာပြီး ရှင်းထုတ်ဖို့ လိုလာနေပါပြီ။ 

BEP ကို အလွယ်တကူ ကြည့်ဖို့အတွက် အောက်မှာ အဆင်သင့်ကြည့်လို့ရတဲ့ chart တွေ ပြထားပါတယ်။

အောက်မှာ ပေးထားတဲ့ chart က ပထမဆုံးစပြီးတော့ ငှားတဲ့လအတွက် BEP တွေဖြစ်ပါတယ်။ Chart တွေကို သေချာကြည့်လိုက်ပါ။ Golden member အတွက်က BEP ပိုပြီးတော့ နိမ့်တာကို တွေ့ရပါတယ်။ တစ်နေ့ကို Referral က ကြော်ငြာတစ်ခုကြည့်ရင်ကို သူ့အတွက် အမြတ်ရနေပါပြီ။ အဲဒါကြောင့် Upgrade ကိုတော့ လုပ်ဖြစ်အောင် လုပ်ဖို့ အကြံပေးချင်ပါတယ်။


အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ standard member အတွက် BEP တွေဖြစ်ပါတယ်။

အောက်မှာ ပေးထားတဲ့ chart ကတော့ ကိုယ်သက်တမ်းတိုးတဲ့ ကာလနဲ့ ကိုယ့်မှာရှိတဲ့ referral အရေအတွက်ပေါ်ကို မူတည်ပြီးတော့ golden member အတွက် BEP တွေဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် golden member တွေက အမြတ်ပိုရဖို့ သေချာပါတယ်။

No comments:

Post a Comment